လယ်ယာကဏ္ဍအပါအဝင် စက်သုံးဆီများ အဆင်ပြေချောမွေ့စွာ တင်သွင်းဖြန့်ဖြူးလျက်ရှိနေမှုအခြေအနေအား သတင်းထုတ်ပြန်ချက်
လယ်ယာကဏ္ဍအပါအဝင် စက်သုံးဆီများ အဆင်ပြေချောမွေ့စွာ တင်သွင်းဖြန့်ဖြူးလျက်ရှိနေမှုအခြေအနေအား သတင်းထုတ်ပြန်ချက်
Ministry of Information/ Naypyitaw / May 01, 2026
၂၀၂၆ ဧပြီ ၃၀ ရက်
အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများ မြင့်တက်နေသော်လည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီခြိုးခြံချွေတာရေးအတွက် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ စက်သုံးဆီ စနစ်တကျသုံးစွဲနိုင်ရေး၊ ချွေတာသုံးစွဲနိုင်ရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာအခြေပြု၍ စီမံကြပ်မတ်ကွပ်ကဲဆောင်ရွက်လျက်ရှိပါသည်။
ထို့ပြင် စားနပ်ရိက္ခာဖူလုံရေးအတွက် အရေးကြီးကဏ္ဍဖြစ်သော လယ်ယာလုပ်ငန်းသုံး ဒီဇယ်ဆီပြတ်လပ်မှုမရှိစေရေး၊ စျေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရေးနှင့် ထွန်ယက်စိုက်ပျိုးသော လုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းထုတ် ဒီဇယ်ဆီများအား တစ်ဂါလန်လျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် တောင်သူများထံသို့ လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နွေစပါးမြေပြုပြင်ရန်ကျန်ရှိသော ၄၆၈၈၇ ဧကအတွက် အသုံးပြုရန်လိုအပ်သည့် ဒီဇယ်ဆီကို တောင်သူလယ်သမားများထံသို့ တိုက်ရိုက်ရောင်းချပေးခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းအတွက် လိုအပ်သည့် စက်သုံးဆီများကိုလည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တောင်သူများသို့ဖြန့်ဖြူးပေးနိုင်ရေး ပြင်ဆင်ထားပြီးဖြစ်ပါသည်။ တောင်သူ များအနေဖြင့် စက်မောင်းဆီများကို လိုအပ်သည့်အချိန်တွင် လိုအပ်သောပမာဏအတိုင်း ဝယ်ယူနိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စက်သုံးဆီအရောင်းဆိုင်များတွင် စနစ်တကျ စာရင်းရေးသွင်းရောင်းချနိုင်ရေးကိုလည်း စီမံဆောင်ရွက်ထားရှိပါသည်။
ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများမြင့်တက်ခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း များစွာမြင့်တက်သွားခြင်းမရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှ ကြပ်မတ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံတော်အတွင်း စက်သုံးဆီဖူလုံမှုအနေဖြင့် ၆၀ ရက်စာလုံလောက်မှု ရှိပါသည်။ စက်သုံးဆီ ဝယ်ယူသုံးစွဲသူများအနေဖြင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူသိုလှောင်ခြင်းမပြုဘဲ လိုအပ်သည့်အချိန်တွင် လိုအပ်သည့် ပမာဏကိုသာ ဝယ်ယူသုံးစွဲခြင်းဖြင့် ကဏ္ဍအလိုက်အသုံးပြုမှုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မည် ဖြစ်ပါသည်။
စက်သုံးဆီဖြန့်ဖြူးနေမှု တည်ငြိမ်သည့်အခြေအနေသို့ ရောက်ရှိလာမှုအပေါ် ပျက်ပြားစေရန်ရည်ရွယ်၍ ကောလာဟလ မဟုတ်မမှန်သတင်းများ ပြည်ပမီဒီယာများသို့ ပေးပို့နေသူများရှိခြင်းနှင့် ပြည်ပမီဒီယာအချို့မှ ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် မမှန်ကန် သည့်ဓာတ်ပုံများ၊ သတင်းများ ထုတ်လွှင့်ဖြန့်ဝေခြင်းများရှိနေသော်လည်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကြောင့် လက်ရှိအခြေအနေတွင် စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီဖြန့်ဖြူးမှုမှာ တည်ငြိမ်၍ ပုံမှန်အခြေအနေတွင်ရှိနေသည်ကို တွေ့ရှိရပါသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီများကို ပြည်သူများအားလုံး ညီတူညီမျှ လုံလောက်စွာ သုံးစွဲနိုင်စေရေး အစဉ်တစိုက် စီမံဆောင်ရွက်နေမှုအပေါ် ယခုကဲ့သို့ ပြည်သူများ၏ အလေးအနက်ထားပူးပေါင်းပါဝင်ဆောင်ရွက်မှုအား ကျေးဇူးအထူးတင်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Posted on Apr 30, 2026
