လယ်ဝေးမြို့နယ်၌ AHA Center မှတစ်ဆင့် ဆောက်လုပ်လှူဒါန်းထားသော အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်းအဆောက်အအုံနှင့် စာသင်ဆောင် ဆောက်လုပ်
လယ်ဝေးမြို့နယ်၌ AHA Center မှတစ်ဆင့် ဆောက်လုပ်လှူဒါန်းထားသော အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်းအဆောက်အအုံနှင့် စာသင်ဆောင် ဆောက်လုပ်
Ministry of Information/ Naypyitaw / March 06, 2026
နေပြည်တော် မတ် ၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လယ်ဝေးမြို့နယ် အောင်မြင်ကုန်းကျေးရွာရှိ ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ထိုင်းနိုင်ငံက AHA Center မှတစ်ဆင့် ဆောက်လုပ်လှူဒါန်းထားသော အောင်မြင်ကုန်းကျေးရွာ အသင့်တပ်ဆင် ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အအုံဆောက်လုပ်ပြီးစီးမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုသည်။
အဆိုပါအသင့်တပ်ဆင် ကျေးလက်ကျန်းမာရေး ဆေးခန်းအဆောက်အအုံသည် အလျားပေ ၆၀၊ အနံပေ ၃၀ အကျယ်အဝန်းရှိ တစ်ထပ်အဆောက်အအုံ ဖြစ်ပြီး တည်ဆောက်တပ်ဆင်ရန် ၁၀ ရက်ခန့်သာ ကြာမြင့်ကြောင်းနှင့် ငလျင်အန္တရာယ်ကြုံတွေ့ရပါက အဆောက်အအုံကြောင့် နေထိုင်အသုံးပြုသူများအပေါ် ထိခိုက်နိုင်မှုနည်းပါးစေနိုင်ကြောင်း သိရသည်။
ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ဒေသနေ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ထိရောက်သော အထောက်အပံ့ဖြစ်စေရန် သက်ဆိုင်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများ ညှိနှိုင်း၍ ထိုင်းနိုင်ငံ အကူအညီအထောက်အပံ့ကို လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရေးစီစဉ်ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ထိုင်းနိုင်ငံ၏ အကူအညီအထောက်အပံ့ ဖြင့် ဆောက်လုပ်ထားသော အလျားပေ ၆၀၊ အနံပေ ၃၀ အကျယ်အဝန်းရှိ အသင့်တပ်ဆင်စာသင်ကျောင်းဆောင်ကိုကြည့်ရှုပြီး ဆရာ ဆရာမများ၊ တာဝန်ရှိသူများအား မန္တလေးငလျင်ကြီးကြောင့် များပြားလှစွာသော အခြေခံအဆောက်အအုံများ ပျက်စီးထိခိုက်ခဲ့ရာ ပညာသင်ကြားရေးဆိုင်ရာ ကျောင်းဆောင်များ လည်းပါဝင်ခဲ့သဖြင့် အာဆီယံဒေသတွင်းနိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများမှ ဆက်သွယ်လှူဒါန်းမှုများရှိ သကဲ့သို့ AHA Center မှတစ်ဆင့် လှူဒါန်းမှုများ လည်းရှိခဲ့ကြောင်း။
မှာကြား
ယခုဆောက်လုပ်ထားသော စာသင်ကျောင်း ဆောင်အပါအဝင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့တွင် အသင့်တပ်ဆင်စာသင်ဆောင် ခုနစ်ဆောင်၊ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေး ဆေးပေးခန်း ၁၀ ခန်း စုစုပေါင်း အဆောက်အအုံ ၁၇ဆောင်ကို ထိုင်းနိုင်ငံက ဆောက်လုပ်လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း၊ ငလျင်ဘေးသင့်ပြည်သူများ၊ ကျောင်းသား ကျောင်းသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာသင်ကြားမှုတို့တွင် များစွာအထောက်အကူဖြစ်သည့်အတွက် လှူဒါန်းအဆောက်အအုံများကို အကျိုးရှိစွာအသုံးပြုရန်နှင့် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
