လုပ်ငန်းခွင်စွမ်းဆောင်ရည်မြင့်မားဖို့ဆီးချိုကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများအရှိန်မြှင့်စို့

လုပ်ငန်းခွင်စွမ်းဆောင်ရည်မြင့်မားဖို့ဆီးချိုကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများအရှိန်မြှင့်စို့


Ministry of Information/ Naypyitaw / November 13, 2025
image_latest


ဆီးချိုသွေးချိုရောဂါသည် ဇီဝကမ္မဖြစ်စဉ်ချို့ယွင်း၍ ဖြစ်ပေါ်လာသည့် သွေးတွင်းအချိုဓာတ်များနေသော ရောဂါဖြစ်သည်။ ကမ္ဘာပေါ်တွင် လူ ၁၀ ဦးလျှင် တစ်ဦးခန့်မှာ ဆီးချိုသွေးချိုဖြစ်ပွားလျက်ရှိပြီး လာမည့်ဆယ်စုနှစ်များအတွင်း ဆီးချိုသွေးချိုဖြစ်ပွားနှုန်း ပိုမိုမြင့်တက်လာမည်ဟု အပြည်ပြည်ဆိုင်ရာ ဆီးချိုအဖွဲ့ချုပ်(IDF)အချက်အလက်များက ဆိုသည်။

ဆီးချိုသွေးချိုရောဂါတွင် အမျိုးအစား(၁)နှင့် အမျိုးအစား(၂)ဟူ၍နှစ်မျိုးရှိရာ ဆီးချိုဝေဒနာရှင်များ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ အမျိုးအစား(၂) ဆီးချိုရောဂါကို ခံစားနေကြရပြီး ရောဂါရှိနေသူ ထက်ဝက်ခန့်မှာ ရောဂါရှိကြောင်းကို မသိကြဟုဆိုသည်။ ဆီးချိုသွေးချိုရောဂါဖြစ်ပွား သေဆုံးမှုသည် နှစ်စဉ်မြင့်မားလာလျက်ရှိပြီး အရွယ်မတိုင်မီသေဆုံးမှု(Premature Death)ကို ဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ရပ်လည်းဖြစ်နေသည်။ ရောဂါကြောင့်သေဆုံးမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပို၍များနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏စာရင်းဇယားများတွင် ဖော်ပြထားရာ သတိပြုကြရန်လိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သည့် စစ်တမ်းအရ ကနဦး ဆီးချိုအဆင့်ရှိသူ ၁၉ ဒသမ ရာခိုင်နှုန်းရှိနေပြီး ထိုသူများမှာ ဆီးချိုရောဂါဝေဒနာရှင်များ ဖြစ်လာနိုင်ခြေများသလို နောက်ဆက်တွဲရောဂါများ ဖြစ်နိုင်ခြေလည်း အလွန်များသည်ဟု သိရသည်။ အသက် ၄၅ နှစ် ကျော်လာပြီဆိုလျှင် လူတိုင်းဆီးချိုဖြစ်နိုင်ခြေများလာပြီး ကနဦးဆီးချိုရှိခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ ဆီးချိုမျိုးရိုးရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ကိုယ်ဝန်ဆောင်ဆီးချိုရှိဖူးခြင်း၊ အသည်းအဆီဖုံးရောဂါရှိခြင်းတို့သည် ဆီးချိုရောဂါဖြစ်လာတော့မည့် အဓိကရှေ့ပြေးလက္ခဏာများဖြစ်ရာ ရောဂါရှိ၊မရှိ ပုံမှန်စစ်ဆေးမှုပြုလုပ်ရန် လိုအပ်သည်။ ရောဂါစစ်ဆေးတွေ့ရှိပါက အချိန်မီကုသမှုခံယူခြင်းဖြင့် အရွယ်မတိုင်မီ သေဆုံးမှုကို များစွာလျော့ကျစေမည်ဖြစ်သည်။

ဆီးချိုသွေးချိုရောဂါလက္ခဏာများမှာ မကြာခဏဆီးသွားခြင်း၊ ရေအလွန်ငတ်ခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ပိန်သွားခြင်း၊ နုံးချည့်နေခြင်း၊ ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှုမရှိခြင်း၊ အာရုံစူးစိုက်မှုမရှိခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ ခြေလက်ထုံ/ကျဉ်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အနာများမကြာခဏပေါက်ခြင်း၊ အနာကျက်ရန် ခက်ခဲခြင်း၊ ညဘက်ဆီးခဏခဏသွားခြင်း၊ မိန်းမကိုယ်ယားယံခြင်းတို့ဖြစ်သည်။ ဆီးချိုသွေးချိုရောဂါရှိနေသူများမှာ ကိုယ်လက်လှုပ်ရှားမှုကို ရောဂါကုထုံးတစ်ခုအဖြစ် မှန်မှန်လုပ်သင့်ပြီး အစားလျှော့စားရန်၊ အချို၊ အငန်၊ အဆီများ သည့်အစာများကိုလျှော့စားရန်၊ ရေများများသောက်ရန်၊ အဝမလွန်အောင်ထိန်းထားရန်၊ လှုပ်ရှားမှုများသည့်လူနေမှုပုံစံဖြင့် နေထိုင်ရန်၊ တစ်နေ့လျှင် နာရီဝက်၊ တစ်ပတ်လျှင်(၅)ရက် စုစုပေါင်း မိနစ် ၁၅၀ ထက်မနည်း ပုံမှန်လေ့ကျင့်ခန်းလုပ်ရန်၊ အမျှင်ဓာတ်များသော အစားအစာ၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများများစားရန်၊ တိရစ္ဆာန်အဆီများရှောင်ရန်၊ စိတ်ဖိစီးမှုလျှော့ချနေထိုင်ရန်၊ အိပ်ချိန်နားချိန် လုံလောက်စွာယူရန်၊ အရာရာကိုအပြုသဘောမြင်ရန်စသည်ဖြင့် မိမိတို့၏ဘဝနေမှုပုံစံကို ပြုပြင်ပြောင်းလဲနေထိုင်ကြရန် လိုသည်။

ဆီးချိုသွေးချိုရောဂါသည် ပျောက်ကင်းအောင်ကုသ၍မရသည့်ရောဂါမျိုးဖြစ်ပြီး မဖြစ်ခင်ကကြိုတင်ကာကွယ်၊ ဖြစ်လာပါက မှန်မှန်စစ်ဆေး၊ စနစ်တကျနေထိုင်၊ ကျွမ်းကျင်သူများနှင့် ကုသမှုခံယူခြင်းဖြင့် သက်တမ်းစေ့နေနိုင်ကြမည်ဖြစ်သည်။ လာမည့်နိုဝင်ဘာလ ၁၄ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ“လုပ်ငန်းခွင်စွမ်းဆောင်ရည်မြင့်မားဖို့ ဆီးချိုကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်မြှင့်စို့- Know more and do more for diabetes at work” ဟူ၍ဖြစ်သည်။ ယခုနှစ်ဆောင်ပုဒ်က စက်ရုံ၊ အလုပ်ရုံ၊ ရုံးစသည့်လုပ်ငန်းခွင်များရှိ ဆီးချိုသွေးချိုရောဂါရှိသူများအား ပြုစုစောင့်ရှောက်မှုနှင့် ထောက်ပံ့မှုများ အရှိန်အဟုန်မြှင့်ပြုလုပ်နိုင်ကြရန် မီးမောင်းထိုးပြခြင်းပင်ဖြစ်သည်။ အချို့လုပ်ငန်းများနှင့် ရုံးဌာနတို့၏ အလုပ်သဘာဝအရကြာမြင့်စွာထိုင်၍ အလုပ်လုပ်ရခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာရွေးချယ်စားသောက်နိုင်ရန် အခွင့်အလမ်းနည်းပါးခြင်း၊ စိတ်ဖိစီးမှုများဖြစ်ပေါ်နိုင်ခြင်း စသည့်အခြေအနေအရပ်ရပ်တို့ကြောင့် ဆီးချိုသွေးချိုရောဂါဖြစ်ပွားနိုင်သည့် အခြေအနေမြင့်မားလျက်ရှိသည်။

သို့ဖြစ်ရာ ဆီးချိုသွေးချိုရောဂါဝေဒနာရှင်များ ဆီးချိုသွေးချိုဖြစ်နိုင်ခြေများသူများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော၊ ဘေးအန္တရာယ်ကင်းရှင်းပြီး ဖြည့်ဆည်းပံ့ပိုးမှုအပြည့်အဝရှိသော လုပ်ငန်းခွင်များကိုဖန်တီးပေးနိုင်ခြင်းဖြင့် ကာယ၊ ဉာဏလုပ်အားရှင်များ၏ လုပ်ငန်းခွင် စွမ်းဆောင်ရည်များ ပိုမိုမြင့်မားလာနိုင်ပါမည့်အကြောင်း။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။