လုပ်ငန်းဆောင်ရွက်လျက်ရှိသော မြေဩဇာမှတ်ပုံတင် ၇၉၄၆ စောင်ရှိ တောင်သူများ အရည်အသွေးပြည့်မီသည့် မြေဩဇာများ သုံးစွဲနိုင်ကြစေရန် မှတ်ပုံတင်များ စိစစ်ထုတ်ပေးလျက်ရှိ

လုပ်ငန်းဆောင်ရွက်လျက်ရှိသော မြေဩဇာမှတ်ပုံတင် ၇၉၄၆ စောင်ရှိ တောင်သူများ အရည်အသွေးပြည့်မီသည့် မြေဩဇာများ သုံးစွဲနိုင်ကြစေရန် မှတ်ပုံတင်များ စိစစ်ထုတ်ပေးလျက်ရှိ


Ministry of Information/ Naypyitaw / December 31, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၃၀

မြေဩဇာကော်မတီ၏ (၄၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးစီမံကိန်းများအတွက် ၂၀၂၅ - ၂၀၂၆ ခုနှစ် မိုးစပါးနှင့် မိုးသီးနှံများတွင် လိုအပ်သည့် မြေဩဇာများကို ရာသီချိန်မီဖြန့်ဖြူးပေးနိုင်ရန် ဓာတ်မြေဩဇာအရည်အသွေးမှန်ကန်မှု ရှိ/မရှိ တိုင်းဒေသကြီး၊ ပြည်နယ်စစ်ဆေးရေးအဖွဲ့များက နမူနာရယူပြီး ကြိုတင်ဓာတ်ခွဲစစ်ဆေးခဲ့သည့်နည်းတူ ယခုစီမံကိန်းပြင်ပသီးနှံစိုက်ပျိုးခြင်းများအတွက် ဖြန့်ဖြူးမည့် ယူရီးယား၊ ကွန်ပေါင်းမြေဩဇာများကိုလည်း အရည်အသွေးမှန်ကန်မှု ရှိ/ မရှိ တိုင်းဒေသကြီး ပြည်နယ်စစ်ဆေးရေးမှူးက ဓာတ်ခွဲစစ်ဆေးရန် ဆောင်ရွက်လျက်ရှိသကဲ့သို့ ဓာတ်ခွဲစစ်ဆေးမှုပမာဏကို တိုးမြှင့်သွားရန်လိုကြောင်း။

စောင့်ရှောက်ရမည်ဖြစ်

ဓာတ်မြေဩဇာ သုံးစွဲရာတွင် ထိရောက်မှုရှိစေရန်၊ အပင်ကျန်းမာရေးနှင့် မြေဆီလွှာကျန်းမာရေးကို စိုက်ပျိုးသူတောင်သူများ အထူးဂရုပြုစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဒေသန္တရမြေဆီလွှာ ကျန်းမာရေးမှသည် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်သော အမျိုးသားအဆင့် မြေဆီလွှာကျန်းမာရေးစနစ်ကို ရှေးရှုဆောင်ရွက်လျက်ရှိရာ တောင်သူလယ်သမားများ သိရှိဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

သီးနှံပေါ်မူတည်၍ သီးသန့်ပြုပြင်ထုတ်လုပ်ထားသော မြေဩဇာ (Tailor-made Fertilizers or Customized Fertilizers) များကို ထုတ်လုပ်သုံးစွဲသင့်ပါကြောင်း၊ သီးသန့်ပြုပြင် ထုတ်လုပ်ထားသည့် မြေဩဇာ (Tailor-made Fertilizers) များသည် ပုံမှန်မြေဩဇာများနှင့် ကွာခြားသော အချက်များရှိပြီး သီးနှံအလိုက် လိုအပ်သည့် အာဟာဓာတ်များ ပေးနိုင်မှုကြောင့် Tailor-made Fertilizers များကို ထုတ်လုပ်သုံးစွဲသင့်ကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် မြေသြဇာလုပ်ငန်းနှင့် ပတ်သက်ပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အကြံပြုချက်များကို ဝိုင်းဝန်းကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြေဩဇာကော်မတီအတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းများကို တင်ပြရာ မြေဩဇာကော်မတီအဖွဲ့ဝင်များနှင့် မြေဩဇာကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာကဏ္ဍများမှ ဝိုင်းဝန်းစိစစ်ဆွေးနွေးဆောင်ရွက်ကြသည်။

မြေဩဇာကော်မတီအနေဖြင့် တောင်သူများ အရည်အသွေးပြည့်မီသည့် မြေဩဇာများကို အချိန်နှင့်တစ်ပြေးညီသုံးစွဲနိုင်ကြစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေပြီး နိုင်ငံ၏ စားရေရိက္ခာဖူလုံပိုလျှံစေရန်အတွက် မြေဩဇာမှတ်ပုံတင်များကို စနစ်တကျစိစစ်ထုတ်ပေးလျက်ရှိရာ မြေဩဇာကော်မတီ၏ (၄၅) ကြိမ်မြောက် အစည်းအဝေးအထိ မှတ်ပုံတင်လက်မှတ်ပေါင်း ၁၃၁၈၂ စောင် ခွင့်ပြုပေးနိုင်ခဲ့ပြီး ကာယကံရှင်၏ တင်ပြချက်အရ ပယ်ဖျက်မှု ၂၃၀၇ စောင်နှင့် သက်တမ်းကျော်လွန်ခြင်းကြောင့် ဌာနက ဖျက်သိမ်းခဲ့ရသည့် မြေဩဇာမှတ်ပုံတင် ၂၉၂၉ စောင်ရှိသည့်အတွက် ယနေ့အထိ လုပ်ငန်းဆောင်ရွက်လျက်ရှိသော မှတ်ပုံတင် ၇၉၄၆ စောင်ရှိကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။