လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကျင်းပ

လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကျင်းပ


Ministry of Information/ Naypyitaw / January 20, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၉

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဌာနများမှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ (၅)နှစ်စီမံကိန်း(၂၀၂၂-၂၀၂၆)၏ ၂၀၂၅ ခုနှစ် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းရပ်များ၏ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူကုန်ကူးခံရသူများအတွက် ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာများကို မူဆယ်၊ မန္တလေး၊ မြဝတီ၊ ကော့သောင်းနှင့် ရန်ကုန်မြို့တို့၌ ဖွင့်လှစ်ထားရှိပြီး ဂေဟာမရှိသည့်ဒေသများ၌ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင် ရေးစခန်းများတွင် ယာယီလက်ခံ စောင့်ရှောက်ပေးလျက်ရှိကြောင်း။

ယာယီလက်ခံစောင့်ရှောက်ထားစဉ်သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ လုပ်ငန်းကော်မတီဝင်ဌာနများနှင့် အဖွဲ့အစည်းများက လူကုန်ကူးခံရသူများကို မိသားစုစုံစမ်းခြင်း၊ မိဘရပ်ထံ ပြန်လည်အပ်နှံခြင်း၊ နောက်ဆက်တွဲစောင့်ရှောက်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူကုန်ကူးခံရသူများကို ပြန်လည်ထူထောင်ရေးအတွက် ၎င်းတို့ဆောင်ရွက်လိုသည့် ဒေသနှင့်ကိုက်ညီသော ဝင်ငွေရလုပ်ငန်းများဆောင်ရွက်ရန် အသက်မွေးဝမ်းကျောင်းနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ၊ ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းသင်တန်းစသည့် လုပ်ငန်းများအတွက် တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်း အများဆုံးနှုန်းဖြင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းထူထောင်နိုင်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီခြင်းဖြင့် နောက်ထပ်တစ်ဖန် လူကုန်ကူးခံရခြင်းကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် လုပ်ငန်းကော်မတီ၏အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသိဏ်းက ယခင်ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅)၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာ သည့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လူကုန်ကူးခံရသူများအနေဖြင့် ကိုယ်ရေးအချက်အလက် ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းဖြင့် ပံ့ပိုးကူညီရန် လွယ်ကူစေမှု၊ အလုပ်အကိုင်ရရှိစေရေး ပံ့ပိုးကူညီနိုင်မှု၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဆောင်ရွက်ပေးနိုင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့်နှစ်သိမ့်ဆွေးနွေးမှုအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်မှုအပါအဝင် လုပ်ငန်းဆောင်ရွက်ချက်များ၊ အကြံပြုချက်၊ အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးခဲ့ကာ ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။