လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီအစည်းအဝေး ကျင်းပ
လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီအစည်းအဝေး ကျင်းပ
Ministry of Information/ Naypyitaw / July 26, 2025

နေပြည်တော် ဇူလိုင် ၂၅
လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီ အစည်းအဝေး(၁/၂၀၂၅)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပတ္တမြားခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယစာရင်းစစ်ချုပ်၊ ကောင်စီဝင်များနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီဥက္ကဋ္ဌက လူမွဲခံယူခြင်းဆိုင်ရာလုပ်ငန်းများကို ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ သွက်လက်လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်နှင့် ကောင်စီ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ လူမွဲ ခံယူခြင်းဆိုင်ရာလုပ်ငန်းစဉ်များ ထိရောက်စွာ စီမံခန့်ခွဲပြီးဥပဒေပါ လုပ်ငန်းတာဝန်များကို အောင်မြင်စွာဆောင်ရွက်ရာတွင် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများသည် အဓိကပါဝင်ဆောင်ရွက်ရသူများဖြစ်ကြောင်း၊ အရည်အသွေးပြည့်ဝပြီး အများပြည်သူသို့ ဝန်ဆောင်မှုပေးနိုင်သည့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ပေါ်ထွက်လာစေရေးသည် အလွန် အရေးကြီးသဖြင့် ကျွမ်းကျင်သူများ၏ ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး၊ ဥပဒေ၊ နည်းဥပဒေများ သိရှိနားလည်ပြီး လိုက်နာကျင့်သုံးနိုင်စေရေးကို အလေးထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
သို့ပါ၍ ကောင်စီဝင်များအနေဖြင့် လူမွဲခံယူခြင်းဆိုင်ရာဥပဒေပါ ရည်မှန်းချက်များကို အရည်အသွေးပြည့်ဝပြီး လုပ်ငန်းပိုင်းဆိုင်ရာနှင့် အပြုအမူပိုင်းဆိုင်ရာကျင့်ဝတ်များ လိုက်နာမှုအား ကောင်းသည့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများဖြင့် ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
အမှာစကား ပြောကြား
ထို့နောက် ကောင်စီဝင်များနှင့် တက်ရောက်လာသူများက ယခင် အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ အတည်ပြုရန်နှင့် မှတ်တမ်းတင်ရန်ကိစ္စများ၊ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများအသင်း၏ ၂၀၂၅ ခုနှစ် နှစ်ဝက် ကာလအတွင်း လုပ်ငန်းဆောင် ရွက်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးကြပြီး လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
Posted on Jul 23, 2025ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Jul 23, 2025ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း