လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်း အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ ကျင်းပ

လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်း အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ ကျင်းပ


Ministry of Information/ Naypyitaw / January 14, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၃

လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းအသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အညွှန်းကိန်းနှင့် သက်ဆိုင်သည့်ဌာန/အဖွဲ့များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာန၏ ရည်မှန်းချက်များတွင် “အလုပ်သမားရေးရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် အလုပ်သမား ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းပြုစုရေး” ဆိုသည့် အချက်ပါဝင်ကြောင်း၊ “လူဦးရေနှင့်ဖွံ့ဖြိုးမှုစီမံကိန်းရေးဆွဲမှု လုပ်ငန်းစဉ်အတွက် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ ဖော်ထုတ်ရေးဆိုင်ရာလုပ်ငန်းစီမံကိန်း” ကို ၁၉၉၅ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ နှစ်နှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ်ကို ဝန်ကြီးဌာနအားလုံး တစ်ပြေးညီ လက်ခံအသုံးပြုနိုင်ရေးနှင့် ရေရှည် တည်တံ့ဖွံ့ဖြိုးရေးအတွက် အလုပ်သမားဝန်ကြီးဌာနက စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့ကြောင်း။

၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ထုတ်ဝေမည့်လက်စွဲစာအုပ်သည် ငွေရတုအကြိမ် (၂၅)အုပ်မြောက် ထုတ်ဝေသည့် စာအုပ်ဖြစ်ကြောင်း၊ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ အချက်အလက်များ ကောက်ယူဆောင်ရွက်လျက်ရှိရာ ကဏ္ဍအားလုံးနှင့် သက်ဆိုင်လွှမ်းခြုံသော အညွှန်းကိန်းများကို ဤလက်စွဲစာအုပ်တွင် တစုတစည်းတည်းတွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ လက်စွဲစာအုပ်ပါ အညွှန်းကိန်းများကိုအခြေခံ၍ နိုင်ငံ၏ ခိုင်မာသောမူဝါဒများချမှတ်နိုင်ခြင်း၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုအဆင့်အတန်း၊ လူနေမှုအဆင့်အတန်းကို သိရှိနိုင်ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် အထောက်အကူပြုလုပ်ငန်းစဉ်အဖြစ် မိမိတို့ ဝန်ကြီးဌာနက အလေးထားဆောင်ရွက်နေပြီး၊ စီမံကိန်းရေးဆွဲသူများ၊ မူဝါဒချမှတ်သူများနှင့် အစိုးရဌာနများအတွက် အထောက်အကူပြုပြီး နိုင်ငံတော်တိုးတက်ရေးအတွက် အထောက်အပံ့ပေးနိုင်သည့် အညွှန်းကိန်းများဖြစ်ကြောင်း ပြောကြားသည်။

ဖွင့်ပွဲ အခမ်းအနားအပြီးတွင် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများလက်စွဲစာအုပ် ရေရှည်တည်တံ့စေရေးအဖွဲ့များဖွဲ့၍ ဆွေးနွေးသုံးသပ်အကြံပြုချက်များရယူကာ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများလက်စွဲစာအုပ် ၂၀၂၄-၂၀၂၅ ခုနှစ် ပြုစုနိုင်ရေး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Posted on Mar 07, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Posted on Mar 06, 2026
AnnouncementsExplore more >

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Mar 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Posted on Mar 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

Posted on Mar 11, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း