လေကြောင်းလိုင်းများနှင့် ခရီးသွားကဏ္ဍဖိုရမ်ကျင်းပ
လေကြောင်းလိုင်းများနှင့် ခရီးသွားကဏ္ဍဖိုရမ်ကျင်းပ
Ministry of Hotel & Tourism/ နေပြည်တော် / May 11, 2026
နေပြည်တော် မေ ၁၀
လေကြောင်းလိုင်းများနှင့် ခရီးသွားကဏ္ဍဖိုရမ် Airlines & Tourism Industry Forum ကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က လေကြောင်းကဏ္ဍနှင့် ခရီးသွားကဏ္ဍသည် အပြန်အလှန်အကျိုးပြုနေသဖြင့် လေကြောင်းလိုင်းများနှင့် ခရီးသွားလုပ်ငန်းနှစ်ရပ်လုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက် စကား ပြောကြားကြသည်။
ယင်းနောက် မြန်မာ့ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် နိုင်ငံတကာလေကြောင်း လိုင်းများ၏ အခန်းကဏ္ဍ၊ ပြည်တွင်းလေကြောင်း၏ ရှေ့လုပ်ငန်းစဉ်ခေါင်းစဉ်များဖြင့် ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Source From: MyanmarAlin
NOTICE TO FILE INCOME TAX RETURN, ANNUAL SALARY STATEMENT AND ANNUAL COMMERCIAL TAX RETURN
Posted on May 12, 2026အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
Posted on May 12, 2026အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)
Posted on May 11, 2026ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)
