လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်းဆင်းပွဲနှင့် ညှိနှိုင်းအစည်းအဝေးများ ကျင်းပ

လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်းဆင်းပွဲနှင့် ညှိနှိုင်းအစည်းအဝေးများ ကျင်းပ


Ministry of Information/ Naypyitaw / August 09, 2025
image_latest


နေပြည်တော် ဩဂုတ် ၈

လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန လျှပ်စစ်စစ်ဆေးရေးသင်တန်းခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း Virtual စနစ်ဖြင့် တက်ရောက်သည်။

တက်ရောက်

အခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုရရှိသူသုံးဦးထံ ဂုဏ်ပြုဆုများကို လည်းကောင်း၊ သင်တန်းသားများထံ သင်တန်းဆင်း အောင်လက်မှတ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ စက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် လျှပ်စစ်ပြင်ဆင်ခြင်းနှင့် တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေသူ သင်တန်းသား သင်တန်းသူ ၅၈ ဦး တက်ရောက်ပြီး အခြေခံလျှပ်စစ်တိုင်းတာရေးမီတာများ၊ အခြေခံအီလက်ထရောနစ်၊ အေစီ၊ ဒီစီ မော်တာများနှင့် မော်တာနှိုးခလုတ်၊ အေစီ၊ ဒီစီလျှပ်ထုတ်စက်များ၊ လျှပ်စစ်ပတ်လမ်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ လျှပ်တာပြောင်း၊ မြေဓာတ်ချခြင်းနှင့် မိုးကြိုးလွှဲအကာအကွယ်ပြု မြေဓာတ်ချစနစ်၊ လျှပ်စစ်ဝါယာကြိုးများ၊ ကောင်းကင်ဓာတ်အားလိုင်း၊ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း၊ လျှပ်စစ်ကြိုးသွယ်တန်းပြီး စစ်ဆေးခြင်းနှင့် မြေဓာတ်ချစစ်ဆေးခြင်း၊ ဆိုလာဓာတ်အားပေးစနစ်၊ လျှပ်စစ်သွယ်တန်းတပ်ဆင်မှုတို့၏ အကျိုးနှင့် အပြစ်ဆိုင်ရာသိမှတ်ဖွယ်ရာများ၊ ရုတ်ခြည်းဗို့အားမြင့် ကာကွယ်ရေးကိရိယာများ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံဆိုင်ရာ သိမှတ်ဖွယ်ရာများ စသည့်ဘာသာရပ် ၁၆ မျိုးကို ဇွန် ၁၆ ရက်မှ ဩဂုတ် ၈ ရက်အထိ ရက်သတ္တရှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပသည့် မြန်မာနိုင်ငံအတွင်းရှိ အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ပေါင်းစပ်ဖြည့်ဆည်းပေးနိုင်ရေး အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံခြားငွေရရှိသော လုပ်ငန်းများအနက် အထည်ချုပ်လုပ်ငန်းများသည် ထိပ်ဆုံးမှ ပါဝင်နေသည့်အတွက် လုပ်ငန်းများမတိမ်ကောအောင် အားပေးသင့်ကြောင်း၊ ထို့ကြောင့် အထည်ချုပ်လုပ်ငန်းများ တွေ့ကြုံနေရသည့် အခက်အခဲများ၊ လိုအပ်ချက်များနှင့် စိန်ခေါ်မှုများကို ပေါင်းစပ်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်း များကို ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း ရှင်များအသင်းတို့မှ တာဝန်ရှိသူများက ပြည်တွင်းရှိ အထည်ချုပ်စက်ရုံများ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့်အစီအစဉ်၊ တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စက်မှုဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းတို့မှ တာဝန်ရှိသူများ၊ အမိုးသွပ်ပြားလုပ်ငန်းရှင်များနှင့်အတူ ငလျင်ကြောင့် ပျက်စီးခဲ့သည့်နေအိမ်များအား ထောက်ပံ့ရန်အတွက် အမိုးသွပ်ပြားများထုတ်လုပ်နိုင်ရေး အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံသံနှင့် သံမဏိအသင်းတို့မှ တာဝန်ရှိသူများနှင့် အမိုးသွပ်ပြားလုပ်ငန်းရှင်များက အမိုးသွပ်ပြား လိုအပ်ချက်များနှင့် ထုတ်လုပ်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် ၊ သြဂုတ် ၉ ရက်၊ စနေနေ့။


Posted on Aug 09, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။


Posted on Aug 08, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။


Posted on Aug 07, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 06, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။


Posted on Aug 05, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။


Posted on Aug 04, 2025
AnnouncementsExplore more >

“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”

Posted on Aug 7, 2025

“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ

Posted on Aug 7, 2025

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း

Posted on Aug 7, 2025

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း