လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အသစ်တည်ဆောက်လျက်ရှိသည့် ဓာတ်အားပေးစက်ရုံစီမံကိန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အသစ်တည်ဆောက်လျက်ရှိသည့် ဓာတ်အားပေးစက်ရုံစီမံကိန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / January 25, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၄

လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်နှင့် မိတ္ထီလာခရိုင် သာစည်မြို့နယ်အတွင်း အသစ်တည်ဆောက်လျက်ရှိသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိသော ဓာတ်အားပေးစက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်အောင်စန်းသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်တွင် Shwe Myoh Energy Engineering Co., Ltd. မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရွှေမြို့(၃၀)မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင်သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ၊ ပြီးစီးမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်မည့်အခြေအနေကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ကော်မရှင်ဥက္ကဋ္ဌက စီမံကိန်းအား သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဝန်ထမ်းများအတွက် သစ်သီးခြင်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် စီမံကိန်းဧရိယာသို့ သွားရောက်၍ Solar Panel နှင့် Solar Tracker တပ်ဆင်နေမှု၊ ဓာတ်အားထိန်းညှိခန်း(Control Room)တည်ဆောက်မည့်နေရာ၊ Weather Station ၊ ဓာတ်အားသိုလှောင်မှု စနစ် (Battery Energy Storage System-BESS) တည်ဆောက်မည့်နေရာနှင့် လုပ်ငန်းခွင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးကာ စီမံကိန်းအတွင်း ဒေသခံများအတွက် အလုပ်အကိုင်ဖန်တီးပေးရေး၊ ခေတ်မီနည်းပညာစနစ်များအသုံးပြုထားသဖြင့် စနစ်တကျ ထိန်းသိမ်းကိုင်တွယ် အသုံးပြုနိုင်ရေးအတွက် ကျွမ်းကျင်ဝန်ထမ်းများဖြစ်စေရေး စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Safety Regulation နှင့်အညီ သတ်မှတ်ထားသည့် SOP များအတိုင်း လိုက်နာဆောင်ရွက်ရန်မှာကြားသည်။

ထိုမှတစ်ဆင့် သာစည်မြို့နယ်ရှိ Great Success Energy Co., Ltd. ၏ သာစည် (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများက အသစ်တည်ဆောက်လျက်ရှိသည့် သာစည်(၄၀)မဂ္ဂါဝပ်၊ သပြေဝ(၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်နေမှုအခြေအနေ၊ အမျိုးသားဓာတ်အားကွန်ရက်(National Grid)သို့ ဓာတ်အားပို့လွှတ်ရန် စီစဉ်ဆောင်ရွက်နေမှုအခြေအနေ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော သာစည်၊ သပြေဝစက်ရုံတို့မှ လျှပ်စစ်ဓာတ်အား (၉၀) မဂ္ဂါဝပ် ထုတ်လုပ်နေမှုအခြေအနေနှင့် ထပ်မံအကောင်အထည်ဖော်ဆောင်ရွက်မည့် သာစည်၊ သပြေဝ(၂၁၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ ကော်မရှင်ဥက္ကဋ္ဌက နေရောင်ခြည်ရရှိမှုအပေါ်မူတည်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရခြင်းဖြစ်သည့်အတွက် စွမ်းအင်သိုလှောင်မှုစနစ် (Energy Storage System) ထားရှိ၍ ဓာတ်အားထိန်းညှိမှု စနစ်ဖြင့် ဓာတ်အားထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်ကြရန်၊ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် စီမံကိန်းအသစ်များကို လုပ်ငန်းလျာထားချက်များအတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားသည်။

ယင်းနောက် စက်ရုံအတွင်း နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ပြန်လည်ထုတ်လုပ်ပေးနေမှုအခြေအနေနှင့် Leader Power Energy Co., Ltd. မှ အသစ်တည်ဆောက်လျက်ရှိသည့် သာစည်(၄၀) မဂ္ဂါဝပ်စီမံကိန်း အခြေအနေ၊ အမျိုးသားဓာတ်အားကွန်ရက်နှင့်ချိတ်ဆက်၍ ဓာတ်အားပို့လွှတ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ဝန်ထမ်းများအတွက် သစ်သီးခြင်းနှင့် စားသောက်ဖွယ်ရာများပေးအပ်သည်။

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် သပြေဝသို့သွားရောက်၍ Hanzar Solar Energy Co., Ltd. ၏ အသစ်တည်ဆောက်လျက်ရှိသည့် သပြေဝ(၄၀)မဂ္ဂါဝပ် စီမံကိန်းလုပ်ငန်းခွင်အတွင်း တိုးချဲ့တည်ဆောက်နေမှုနှင့် စီမံကိန်းပြီးစီးမှုအခြေအနေ၊ မူလတည်ဆောက်ပြီးသော သပြေဝ(၃၀)မဂ္ဂါဝပ်နှင့် သပြေဝ-၃(၃၀)မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိသည့်အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ ဝန်ထမ်းများအတွက် သစ်သီးခြင်းနှင့် စားသောက်ဖွယ်ရာများပေးအပ်သည်။

သာစည်နှင့် သပြေဝရှိ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေး စက်ရုံ (၃) ရုံတို့မှ (၉၀) မဂ္ဂါဝပ် ပို့လွှတ်လျက်ရှိပြီး အသစ်တည်ဆောက် လျက်ရှိသည့် သာစည် (၄၀) မဂ္ဂါဝပ် နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းများသည် မကြာမီပြီးစီး၍ ဓာတ်အားပမာဏ (၈၀)မဂ္ဂါဝပ် ထပ်မံပို့လွှတ်နိုင်တော့မည်ဖြစ်ကြောင်း နှင့် ရွှေမြို့(၃၀)မဂ္ဂါဝပ် စီမံကိန်းကိုလည်း သတ်မှတ်ချိန်အတွင်း ပြီးစီး နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။