လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


Ministry of Information/ Naypyitaw / February 25, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၄

လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌများနှင့် ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတော်၏လက်ရှိမူဝါဒ၊ လမ်းညွှန်မှုများအရ ရှေ့လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ကော်မရှင်၏ ပဉ္စမအကြိမ်အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ကော်မရှင်စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ တစ်နှစ်နှင့် နှစ်လကာလအတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ငန်းများအတိုင်း အတာတစ်ခုအထိ တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပြီးခဲ့သည့်ကော်မရှင်အစည်းအဝေးများတွင် နိုင်ငံတော်က ချမှတ်ပေးထားသည့် လုပ်ငန်းတာဝန်(၁၅)ရပ်ကို အဓိကထားအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်က ချမှတ်ပေးခဲ့သည့် မူဝါဒလမ်းညွှန်မှုများကိုအခြေခံ၍ နိုင်ငံတော်၏ ဖွံ့ဖြိုးရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ ရရှိနိုင်မည့်ခံစားခွင့် (Opportunities and incentives)များကို ရှင်းလင်းချပြပြီး နိုင်ငံ့စီးပွားရေးကဏ္ဍအထောက်အကူပြုစေရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်အတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပြည့်မီစေရေးရနိုင်သည့်အရင်းအမြစ်များမှ ထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကော်မရှင်စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ်မှုအနေဖြင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံအသစ်များဖြစ်သည့် သာစည် ၄၀ မဂ္ဂါဝပ်ကို အမျိုးသားဓာတ်အားကွန်ရက်နှင့် ချိတ်ဆက်ပို့လွှတ်နေပြီး သပြေဝ ၄၀ မဂ္ဂါဝပ်ကိုလည်း မတ်လဆန်းတွင် ထပ်မံချိတ်ဆက်ပို့လွှတ်နိုင်မည် ဖြစ်ကြောင်း၊ အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ခဲ့သည့် LNG စီမံကိန်း (၅၀၀ မဂ္ဂါဝပ်)၏ ဓာတ်အားပေးစက်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် စီးပွားဖြစ် ဓာတ်အားထုတ်လုပ်နိုင်ခဲ့ပါကြောင်း။

ရေအားလျှပ်စစ်သည် သန့်ရှင်းသည့် ပြန်ပြည့်မြဲစွမ်းအင်ဖြစ်ပြီး ထုတ်လုပ်မှုစရိတ်သက်သာသောကြောင့် နိုင်ငံတော်အနာဂတ်လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည့် ရေအားလျှပ်စစ်စီမံကိန်း ကြီးများကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင်လည်း မိမိတို့နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းသတ်မှတ်ချက်၊ စံနှုန်းများအပြင် နိုင်ငံတကာ ၌ ဆောင်ရွက်နေသည့် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့်လည်း ရေမြေသဘာဝနှင့်လူမှုစီးပွားရေးလုပ်ငန်း ပိုမိုကောင်းမွန်စေရန်၊ အစဉ်အမြဲသုံးစွဲနိုင်ရန်၊ ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်၊ ရေကြောင်းသယ်ယူပို့ဆောင်ရေး ကောင်းမွန်စေရန်၊ ရေကြီးရေလျှံမှုဘေးအန္တရာယ်‌လျှော့ချနိုင်ရန်နှင့် ပတ်ဝန်းကျင်အခြေပြုခရီးသွားလုပ်ငန်းတစ်ခုဖြစ်သည့် River Tourism လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းများဖော်ဆောင်ရန် တိုက်တွန်းလိုကြောင်း။

စွမ်းအင်ကဏ္ဍတွင် AI နည်းပညာအသုံးပြုပြီး ပါးလွှာသဲကြောများမှ သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေး Pilot Project လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ရေနံမြေအဟောင်းများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းပြီး တွင်းစားစနစ် (Well by Well Basic) နှင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် လက်မှတ်ရေးထိုးပြီး လုပ်ငန်းများဆောင်ရွက်နေကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် 2 D Seismic လုပ်ငန်းများဆောင်ရွက်ပြီး တူးဖော်ထုတ်လုပ်ရေးအတွက် လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ မုတ္တမကမ်းလွန်လုပ်ကွက် M – 10 (မင်းရဲသူစီမံကိန်း)အတွက် Production Sharing Contract ကို ချုပ်ဆိုပြီးဖြစ်ပါကြောင်း၊ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)၏ စက်ရုံသစ်စီမံကိန်း Phase I ကိုလည်း မကြာမီစတင်လည်ပတ်နိုင်မည်ဖြစ်၍ ၁၉၈၂ ခုနှစ်တွင် နောက်ဆုံးဖွင့်လှစ်ခဲ့သည့် သံပရာကန်ရေနံချက်စက်ရုံပြီးနောက် ပထမ ဆုံးဖွင့်လှစ်နိုင်သည့် ရေနံချက်စက်ရုံကြီးဖြစ်ကြောင်း၊ အနာဂတ်စွမ်းအင်ကဏ္ဍအတွက် အရေးကြီးသည့် ကမ်းလွန်စီမံကိန်းအသစ်များကို သတ်မှတ်ချိန်အတိုင်း အကောင်အထည်ဖော်ဆောင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ယခုအစည်းအဝေးတွင် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှုအခြေအနေများ၊ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ချက်များရှိပါက အကြံပြုပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ကော်မရှင်ဒုတိယဥက္ကဋ္ဌ(၂) စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့က စတုတ္ထအကြိမ် အစည်းအဝေးကာလအတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာတိုးတက်မှု၊ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း/စီမံကိန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ကော်မရှင်အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က ကော်မရှင်အစည်းအဝေး (၄/၂၀၂၅) လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ ဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသော ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများက လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ဆောင်ရွက်မှုများအပေါ် မိမိတို့ဝန်ကြီးဌာနနှင့်သက်ဆိုင်သော အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများနှင့် အကြံပြုချက်များအား ဆွေးနွေးတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ အစည်းအဝေးတက်ရောက်လာသူများက ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း/စီမံကိန်းအခြေအနေ၊ အခက်အခဲများအပေါ် ဝိုင်းဝန်းဆွေးနွေးကြသည်။

ယင်းနောက် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက လျှပ်စစ်နှင့်စွမ်းအင်သည် နိုင်ငံတော်၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးပန်းတိုင် (Sustainable Development Goal - SDG) သို့ ရောက်ရှိရန်အတွက် စွမ်းအင်ကိုဖူလုံပြည့်စုံစွာဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးပြီး/ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် စွမ်းအင်ဖူလုံရန်နှင့် ရေရှည်အာမခံချက်ရှိရန်အတွက် နိုင်ငံ၏စွမ်းအင်ဖူလုံရေးသည် ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအင် အစရှိသည့် ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များ ကြွယ်ဝသည့်အတွက် နိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရာတွင် ၎င်းစွမ်းအင်အရင်းအမြစ်များကို အလေအလွင့်မဖြစ်စေဘဲ စနစ်တကျထုတ်ယူသုံးစွဲနိုင်ရန် လိုအပ်ကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍလုပ်ငန်းများသည် နည်းပညာနှင့်ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် လုပ်ငန်းများဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုများအတွက် နိုင်ငံတော်နှင့် ရင်းနှီးမြှုပ်နှံသူ နှစ်ဦးနှစ်ဖက်နစ်နာမှုမရှိစေမည့် ဥပဒေ၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်ပေးရမည်ဖြစ်သလို၊ တိုးတက်လာသည့် နည်းပညာများနှင့် လိုက်ပါအသုံးပြုနိုင်ရေးအတွက် အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်ရန်လည်း အရေးကြီးပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးအနေဖြင့်လည်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းတိုးတက်မှုအခြေအနေများ၊ အခက်အခဲနှင့်စိန်ခေါ်မှုများကို ဖြေရှင်းကျော်လွှားနိုင်အောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စွမ်းအင်ဖူလုံမှုရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 25, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 22, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Posted on Feb 21, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Posted on Feb 20, 2026
AnnouncementsExplore more >

“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

Posted on Feb 24, 2026

ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး စုစုပေါင်း(၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့ သွားရောက်ဖြေဆိုရာတွင် ဖြေဆိုခွင့်မရရှိခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။

အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း

Posted on Feb 24, 2026

အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Feb 24, 2026

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။