လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေးအား တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်ဈေးလုံး မီးလောင်ခဲ့သည်ဟု မဟုတ်မမှန်သတင်းအမှားဖြန့်ဝေ

လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေးအား တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်ဈေးလုံး မီးလောင်ခဲ့သည်ဟု မဟုတ်မမှန်သတင်းအမှားဖြန့်ဝေ


Ministry of Information/ Naypyitaw / December 10, 2023
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၀

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေးအတွင်းသို့ ယနေ့နံနက်ပိုင်းက တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဈေးတစ်ခုလုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လွိုင်ကော်မြို့ရှိ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းမှုနှင့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ ဒီဇင်ဘာ ၁၀ ရက် နံနက် ၁ နာရီခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများက သီရိမင်္ဂလာဈေးအား Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ဈေးတစ်ခုလုံး မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ တပ်မတော်အနေဖြင့် ပြည်သူလူထုနေထိုင်ရာနေရာများသို့ မည်သည့်အခါမျှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိခဲ့ဘဲ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက်သောင်းကျန်းသူများရန်မှ အစဉ်တစိုက် ကာကွယ်ပေးလျက်ရှိသည်။

အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုစီးပွားဘဝကို ပျက်စီးစေရန် လုပ်ဆောင်လျက်ရှိကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်သောင်းကျန်းသူများက ရည်ရွယ်ချက်ရှိရှိဖြင့် လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအား မီးလောင်ပျက်စီးစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များအား ဖုံးကွယ်ပေးရန်၊ ဒေသခံပြည်သူများမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်၊ ပြည်သူနှင့် တပ်မတော်ပူးပေါင်း၍ အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးဆောင်ရွက်နေမှုကို ထိခိုက်စေရန်အတွက် တပ်မတော်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် မီးလောင်ပျက်စီးခဲ့သည်ဟု သတင်းမှားများကို ဖန်တီးရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Posted on May 09, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Posted on May 08, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 07, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Posted on May 06, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Posted on May 05, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 04, 2025
AnnouncementsExplore more >

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

Posted on May 9, 2025

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

Posted on May 3, 2025

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

HOT NEWS
January 4,