လှည်းကူးမြို့နယ်အတွင်းရှိ မြေပဲနှင့် နွေစပါးစိုက် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုများပေးအပ်

လှည်းကူးမြို့နယ်အတွင်းရှိ မြေပဲနှင့် နွေစပါးစိုက် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုများပေးအပ်


Ministry of Information/ Naypyitaw / January 25, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာ၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော မင်းကုန်း-ဝါးယားကုန်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝါးယားကုန်းကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်း နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေရရှိရေးနှင့် ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် အခြေခံပညာမူလတန်းကျောင်း ခြံစည်းရိုးအုတ်တံတိုင်းကာရံထားမှုကိုလည်းကောင်း၊ ကျေးရွာသောက်သုံးရေရရှိရေးအတွက် ရေဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်တည်ဆောက် ထားမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေး ပြီး အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ ကျောင်းဘက်စုံဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သမဝါယမကောလိပ်(ဖောင်ကြီး)၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်လည်းကောင်း၊ ရတနာပုံအဆောင်၌ အဆောင်နေကျောင်းသား ကျောင်းသူများနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံ၍ သမဝါယမကောလိပ် (ဖောင်ကြီး) လျှပ်စစ်မီးရရှိရေးအတွက် ဆိုလာစနစ်တပ်ဆင်နိုင်ရေး ဆောင်ရွက်ပေးပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လှည်းကူး မြို့နယ်အတွင်းရှိ မြေပဲနှင့် နွေစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသုံးသင်းမှ အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီး သမဝါယမဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဒေသခံပြည်သူများနှင့် အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာနှင့် ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ လှည်းကူးမြို့နယ်အတွင်းရှိ မြေပဲနှင့် နွေစပါးစိုက် သမဝါယမအသင်းသုံးသင်းအတွက် သွင်းအားစုများ ပေးအပ်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Posted on Mar 07, 2026
AnnouncementsExplore more >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Mar 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Mar 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Posted on Mar 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း