ဝင်ငွေတိုးစီမံကိန်းကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မိသားစုဝင်ငွေတိုးပွားရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြစေလို

ဝင်ငွေတိုးစီမံကိန်းကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မိသားစုဝင်ငွေတိုးပွားရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြစေလို


Ministry of Information/ Naypyitaw / November 01, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၃၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊   အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး​ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုး​ရေးစီမံကိန်း” ၏ ၂၀၂၅-၂၀၂၆  ဘဏ္ဍာနှစ် နေပြည်တော် ကောင်စီနယ်မြေအတွင်း ဖွင့်လှစ်ခဲ့သည့်  စက်ချုပ်သင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာသင်တန်း၊ စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းများ၏ လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာနစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းဆင်းများ တက်ရောက်သည်။

ဦးစွာ  ပြည်ထောင်စုဝန်ကြီးက ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၁၉၆  ရွာတွင် သင်တန်းဖွင့်လှစ်ပေးနိုင်ခဲ့ပြီး လုပ်ငန်းရှင်  ၉၈၀  ကို  ထပ်မံမွေးထုတ်ပေးနိုင်ခဲ့၍  ယနေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လုပ်ငန်းရှင် စုစုပေါင်း ၂၆၄၂ ဦး အထိ  ရှိလာပြီဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း အဆိုပါဝင်ငွေတိုးစီမံကိန်းကို ဘဏ္ဍာနှစ်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်းဆင်းများအနေဖြင့် မိမိတို့၏လုပ်ငန်းများရေရှည်အောင်မြင်ရေး၊ စဉ်ဆက်မပြတ် မိသားစုဝင်ငွေတိုးပွားရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း  တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စက်ချုပ်နည်းပညာ သင်တန်းမှ  သင်တန်းဆင်း  ၁၀ ဦးအတွက် အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဆင်းငါးဦးအတွက် ဘက်ထရီအားသွင်းကိရိယာ၊ ဖိအားမြင့် ရေဖျန်းစက်၊ လက်သုံးကိရိယာအစုံ၊ T-Spanner အစုံ၊ သံလိုက်တုံးဖြုတ်ကိရိယာနှင့် ၄" ကျောက် စက်များကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ  သင်တန်းဆင်း ငါးဦး အတွက် စတီးကန်၊  Liquid Soap Mixer နှင့် Balance  ကို လည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်း ငါးဦးအတွက်   Electric   Dryer နှင့် ခြေနင်းအိတ်ပိတ်စက်များကိုလည်းကောင်း ပေးအပ်ခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းများကိုယ်စား သင်တန်းဆင်းတစ်ဦးကို သင်တန်းဆင်း လက်မှတ်များပေးအပ်သည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းထူထောင်မည့် သင်တန်းဆင်းများကို တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားကာ ဌာနမှပေးအပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ သင်တန်းမှထွက်ရှိသောကုန်ချောပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Posted on Nov 01, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Posted on Oct 31, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Posted on Oct 30, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 29, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Oct 28, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Oct 27, 2025
AnnouncementsExplore more >

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့်...

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

HOT NEWS
January 4,