ဝန်ထမ်းကောင်းများအဖြစ် ကျင့်ဝတ်စောင့်ထိန်းဂုဏ်ယူ

ဝန်ထမ်းကောင်းများအဖြစ် ကျင့်ဝတ်စောင့်ထိန်းဂုဏ်ယူ


Ministry of Information/ Naypyitaw / November 07, 2025
image_latest


နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အစိုးရဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်း ခံရသည့်၊ နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်းမှ ကျခံထုတ်ပေးသည့် လစာနှင့်စရိတ်များကို ခံစားခွင့်ရှိသည့် ဝန်ထမ်းကိုဆိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ တစ်နည်းအားဖြင့် နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ နိုင်ငံတော်နှင့်ပြည်သူတို့၏အကျိုးကို ဆောင်ကြဉ်းပေးရန်အတွက် နိုင်ငံ့ဘဏ္ဍာငွေမှ အခကြေးငွေကို ရယူခံစားနေကြသူများဟုလည်း ဆိုနိုင်သည်။

တစ်ဖက်တွင်လည်း ဝန်ထမ်းဆိုသည်မှာ အစိုးရယန္တရားလုပ်ငန်းဌာနများတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ခွင့်ရရန် မိမိဆန္ဒဖြင့် ကိုယ်တိုင်အဆိုပြုလျှောက်ထားကြရာမှ ရွေးချယ်ခန့်အပ်တာဝန် ပေးခံကြရသူများဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းတစ်ဦးတစ်ယောက်မျှ အဓမ္မစုဆောင်းခံကြရသူ မဟုတ်သကဲ့သို့ အများပြည်သူက မဲပေးရွေးချယ်တင်မြှောက်လိုက်ကြသည်လည်း မဟုတ်ပေ။ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်စဉ်တစ်လျှောက်လုံး မိမိတို့၏အလုပ်ရှင်သည် နိုင်ငံတော်နှင့်ပြည်သူများဖြစ်သည်ဟု စွဲမှတ်ထားကြရမည်ဖြစ်ပြီး မိမိတို့ရရှိထားသည့် ရာထူးဆိုသည်မှာလည်း “လုပ်ပိုင်ခွင့်” မဟုတ်ဘဲ “တာဝန်” ဟူ၍ ခံယူကြရမည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်း ဟူ၍ ဖြစ်လာသည်နှင့် မိမိတို့တွင် ထမ်းဆောင်ရမည့် “တာဝန်”၊ လိုက်နာရမည့် “စည်းကမ်း”၊ စောင့်ထိန်းရမည့် “ကျင့်ဝတ်” တို့ ကျေပွန်ကြရန် အလေးအနက်ပြုကြရမည်ဖြစ်သလို ပြည်သူထဲမှ ပြည်သူတစ်ဦးအနေဖြင့်လည်း ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို ရိုသေလေးစားကြရမည်လည်းဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းတို့ စောင့်ထိန်းကြရမည့် ကျင့်ဝတ်အပါး(၃၀)ရှိရာ ဝန်ထမ်းတစ်ဦးချင်း လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် (၁၂) ပါး၊ ဝန်ထမ်းအချင်းချင်းအပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် (၅) ပါး၊ ပြည်သူလူထုအပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် (၅) ပါး၊ နိုင်ငံတော်အပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် (၈) ပါးတို့ရှိနေပြီး ဝန်ထမ်းတိုင်းက အဆိုပါကျင့်ဝတ်တို့ကို ခါးဝတ်ပုဆိုး ကဲ့သို့ မြဲမြံကြဖို့လိုသည်။

အထူးသဖြင့် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့နေကြရပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို တိုက်ရိုက်ဆောင်ရွက် ပေးနေကြရသော ဝန်ထမ်းများအနေဖြင့် “ပြည်သူလူထုအပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် (၅) ပါး” ကို မမေ့မလျော့ စောင့်ထိန်းကြရန်လိုသည်။ ၎င်းကျင့်ဝတ် (၅)ပါးတို့မှာ (၁)ပြည်သူလူထုအပေါ်သစ္စာစောင့်သိရိုသေပါ။ (၂)ပြည်သူလူထုကို လေးစားစွာ ဝန်ဆောင်မှုပေးပါ။ (၃) ပြည်သူလူထု၏ အကျိုးစီးပွားကို အလေးထားစောင့်ရှောက်ပါ။ (၄) ပြည်သူလူထုကို ယဉ်ကျေးစွာ ပြုမူဆက်ဆံပါ။ (၅)တာဝန်အရ ဆောင်ရွက်ရာတွင် ပြည်သူလူထုထံမှ ငွေကြေးအပါအဝင် အကျိုးခံစားခွင့်တစ်ခုခုကို တောင်းခံခြင်း မပြုဘဲ ဆောင်ရွက်ပေးပါ။ ဟူ၍ဖြစ်သည်။ ၎င်းကျင့်ဝတ် (၅)ပါးမှာ နိုင်ငံ့ဝန်ထမ်းများအဖို့ (၅) ပါးသီလသဖွယ်ပင်ဖြစ်ရာ သီလစောင့်ထိန်းသူတို့အဖို့ နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် လူရိုသေ၊ ရှင်ရိုသေလေးစားခင်မင်မှုကို ရရှိနိုင်ကြမည်ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ ရာထူးအဆင့်ဆင့်အလိုက် နိုင်ငံတော်က ချီးမြှင့်သည့်လစာ၊ စရိတ်တို့ကိုခံစားကြရခြင်းဖြစ်ရာ ရာထူးကို အကြောင်းပြု၍ချမ်းသာကြွယ်ဝရန် မဖြစ်နိုင်သကဲ့သို့ မိသားစုမဖူလုံဟူသော အကြောင်းပြချက်ဖြင့် တာဝန်မကျေပွန်ခြင်း၊ စည်းကမ်း မလိုက်နာခြင်း၊ ကျင့်ဝတ်မစောင့်ထိန်းခြင်းတို့ ပြုလုပ်၍ မရသည်ကို သတိပြုကြရန်လိုသည်။

ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဟူသော ဆောင်ပုဒ်နှင့်အညီ အစိုးရယန္တရားအတွင်း ကဏ္ဍအသီးသီးတွင် တာဝန်အဆင့်ဆင့် ထမ်းဆောင်နေကြသည့်ဝန်ထမ်းများအားလုံး ကောင်းမွန်ကြရမည် ဖြစ်သည်။ ဝန်ထမ်းအချို့မကောင်းမှုက ပြည်သူလူထုကို ငြိုငြင် စေသည့်အပြင် လုပ်ငန်းယန္တရားကိုထိခိုက်စေပြီး နိုင်ငံတော်၏ ပုံရိပ်ကိုလည်း ညှိုးနွမ်းကျဆင်းစေသည့်အလျောက် နိုင်ငံတော် အကျိုး၊ ပြည်သူလူထုအကျိုးကိုဆောင်သည့် ဝန်ထမ်းကောင်း၊ ဝန်ထမ်းအဖွဲ့အစည်းကောင်းများဖြစ်ရေး အလေးဂရုပြုကြရပါမည့် အကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။