ဝါးစိုက်ပျိုးပြုစုစီမံအုပ်ချုပ်ခြင်း၊ မျှစ်ထုတ်လုပ်ခြင်းနှင့် ဝါးလက်မှုကဏ္ဍ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတက်ရောက်

ဝါးစိုက်ပျိုးပြုစုစီမံအုပ်ချုပ်ခြင်း၊ မျှစ်ထုတ်လုပ်ခြင်းနှင့် ဝါးလက်မှုကဏ္ဍ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတက်ရောက်


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / July 29, 2025


ဝါးစိုက်ပျိုးပြုစုစီမံအုပ်ချုပ်ခြင်း၊ မျှစ်ထုတ်လုပ်ခြင်းနှင့် ဝါးလက်မှုကဏ္ဍ နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၉-၇-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆက်စပ်ဌာနနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဝါးလက်မှုပညာရှင်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဖွင့်အမှာစကားပြောကြားရာတွင် မျှစ်ထုတ်လုပ်မှု၊ ဝါးအခြေခံလက်မှုပစ္စည်းများထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နည်းပညာနှင့် စျေးကွက်အခွင့်အလမ်းများ ဆွေးနွေးဖလှယ်နိုင်ရန်နှင့် လုပ်ငန်းရှင်နှင့်ဆက်စပ်ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်ရည်ရွယ်၍ ယခုအလုပ်ရုံဆွေးနွေးပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဝါးမျိုးစု ၇၅ မျိုးနှင့် ဝါးမျိုးစိတ် ၁၂၅၀ မျိုးခန့်ရှိပြီး မြန်မာနိုင်ငံတွင် ဝါးမျိုးစု ၂၁ မျိုးနှင့် ဝါးမျိုးစိတ် ၁၀၂ မျိုးခန့် ပေါက်ရောက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ နှစ်စဉ် ဝါးတောထွက်နှုန်းမှာ ဝါးလုံးရေ ၃၁၈ သန်း ရှိကြောင်း၊ ဝါးသည် မျှစ်ထုတ်လုပ်မှုမှစတင်၍ လက်မှုလုပ်ငန်းထုတ်ကုန်အထိ စီးပွားရေး တန်ဖိုးတစ်ခုအဖြစ် ပြောင်းလဲနိုင်သည့် သဘာဝထုတ်ကုန်ဖြစ်ကြောင်း၊  မျှစ်နှင့်ဝါးထုတ်ကုန်များအား ပြည်တွင်းစျေးကွက်သာမက ပြည်ပစျေးကွက်များအထိ ရောက်ရှိစေရေးအတွက် လုပ်ငန်းအဆင့်မြှင်တင်မှု၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် အရည်အသွေး စံနှုန်းပြည့်မီမှုများသည် များစွာအရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သစ်၊ ကြိမ်၊ ဝါး ကုန်ကြမ်းများ အသုံးပြုထုတ်လုပ်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုန်ကြမ်းရရှိရေး၊ လုပ်ငန်းစဉ်များ အဆင်ပြေ ချောမွေ့စေရေးနှင့် နည်းပညာမြှင့်တင်နိုင်ရေး ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ဝါးအခန်းကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဌာန၊ အဖွဲ့အစည်းနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မျှစ်နှင့်ဝါးထုတ်ကုန်များ ခင်းကျင်းပြသထားမှုအား ကြည့်ရှုအားပေးပြီး စာတမ်းရှင်များ၏ ပိုစတာများအား ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြသည်။

ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲအား ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ ဝါးထုတ်လုပ်မှုနှင့် ဝါးသယံဇာတစာရင်းကောက်ယူမှု၊ ဝါးအခြေခံစက်မှုထုတ်ကုန်များ ထုတ်လုပ်ခြင်း နည်းပညာ၊ စျေးကွက်နှင့် အနာဂတ်အလားအလာ၊ ဝါးအဆောက်အဦများဆောက်လုပ်ခြင်းနှင့် စျေးကွက် လိုအပ်မှု၊ ဝါးကုန်ကြမ်းများရရှိနိုင်မည့်အခြေအနေနှင့် တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် ဆွေးနွေးမှုရလဒ်များအား ပြန်လည်သုံးသပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 30, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Posted on Jul 29, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Posted on Jul 27, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 26, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။


Posted on Jul 26, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။


Posted on Jul 25, 2025
AnnouncementsExplore more >

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card- OWIC) ပေါ်တွင် လုံခြုံရေး Sticker အသုံးပြုသွားမည့်ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်

Posted on Jul 29, 2025

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံများသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါ ခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ

Posted on Jul 28, 2025

စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ

Posted on Jul 28, 2025

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ