ဝိုင်းမော်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိဘိန်းဖြူ ၄၇ ကီလိုကျော်နှင့် စိတ်ကြွဆေးပြား ၇ သိန်းကျော်ဖမ်းဆီးရမိ

ဝိုင်းမော်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိဘိန်းဖြူ ၄၇ ကီလိုကျော်နှင့် စိတ်ကြွဆေးပြား ၇ သိန်းကျော်ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / November 13, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမှ ကချင်ပြည်နယ်၊ ဝိုင်းမော်သို့ သယ်ဆောင်ရောင်းဝယ်မည့် ခန့်မှန်းတန်ဖိုးငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၄၇ ကီလိုကျော်နှင့် စိတ်ကြွဆေးပြား ၇ သိန်းကျော် သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ဝိုင်းမော်မြို့နယ်၊ နတ်မြစ်ခတံတားအနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၃၀ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဝိုင်းမော်မြို့နယ်၊ နတ်မြစ်ခတံတားအနီး၌ သတင်းအရစောင့်ဆိုင်းစဉ် လထော်နန်အောင်(ဘ) ဦးလထော်ပေါလု မောင်းနှင်ပြီး ဇခုန်ဒန်ရိန်(ဘ) ဦးဇခုန်ထွန်းဒန် လိုက်ပါလာသော TOYOTA HILUX REVO မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၄၇ ဒသမ ၅၂ ကီလို (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ ဒသမ ၁၈၈ ဘီလီယံ)နှင့် စိတ်ကြွဆေးပြား ၇ ဒသမ ၈ သိန်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ၁၇ ဘီလီယံ) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂ ဒသမ ၃၅၈ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား သယ်ဆောင်ခိုင်းသူမှာ နမ့်ခမ်းမြို့နယ်နေ ခေါင်ဒေါင်(ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း၊ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား နမ့်ခမ်းမှ ဝိုင်းမော်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိ၍ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။