ဝေါမြို့နယ်၌ ငွေကျပ် ၃ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
ဝေါမြို့နယ်၌ ငွေကျပ် ၃ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / June 19, 2025

နေပြည်တော် ဇွန် ၁၈
ဝေါမြို့နယ်၌ ငွေကျပ် ၃ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၀ ရက် နံနက် ၁ နာရီက ဝေါမြို့နယ်၊ ညောင်ခါး ရှည်ကျေးရွာအနီးတွင် ရန်ကုန်မြို့မှ ဘားအံသို့ ယာဉ်မောင်း ရန်နိုင်စိုး မောင်းနှင်ပြီး သီဟစိုး(ခ)မောင်စိုး လိုက်ပါလာသော မှန်လုံယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေရာအိုက်စ် (မက်သ်အဖက် တမင်း) ၁၂၅ ကီလို ဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိအိုက်စ် (မက်သ်အဖက်တမင်း) များအား ရန်ကုန်မှဘားအံသို့ သယ်ဆောင်ခိုင်းသူစိုးမင်းအား ယင်းနေ့ နံနက် ၁၁ နာရီတွင် ဘားအံမြို့ နယ် ခနမ်းဒိုကျေးရွာအနီး ဘားအံ-မြဝတီသွား ကားလမ်းတွင် GRAND STAREX မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီးစစ်ဆေး ဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ အိုက်စ် (မက်သ်အဖက်တမင်း) များကို ရန်ကုန်မြို့မှတစ်ဆင့် မြဝတီမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ သုံးဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ သတင်းစဉ်
မြန်မာနိုင်ငံပြန်တမ်း
Posted on Jun 20, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Jun 17, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့က ၂၇-၆-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
Posted on Jun 17, 2025