သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများ ဆက်လက်လှူဒါန်း

သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများ ဆက်လက်လှူဒါန်း


Ministry of Information/ Naypyitaw / November 27, 2025
image_latest


ရန်ကုန် နိုဝင်ဘာ ၂၆

၁၃၈၇ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၈)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းကြသည်။

ထိုသို့လှူဒါန်းရာတွင် ဦးဌေးဦး(ပြည်ထောင်စုဝန်ကြီး-ငြိမ်း)-ဒေါ်နီနီဝင်း မိသားစုက အလှူငွေကျပ် ၂၈၈ဝဝဝဝ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ် ၂၅ သိန်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ်သိန်း ၂ဝ၊ ကယားပြည်နယ်အစိုးရအဖွဲ့က ငွေကျပ် ၁၅ သိန်း၊ ဒေါက်တာဘဒ္ဒန္တရေဝတ (ရွှေကွမ်းသား)က ငွေကျပ် ၁၀ သိန်း၊ (ဗိုလ်မှူးချုပ်စည်သူတင်ဖေ)-(ဒေါ်သိန်းဆိုင်-စာရေးဆရာမကြီး မမြတ်လေး) မြတ်လေးရုံမိသားစုနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့က ငွေကျပ်ငါးသိန်းစီ၊ ဦးဖေသက်ညွန့်(ဆွေဇင်ညွန့်)က ငွေကျပ် နှစ်သိန်း၊ ဝဏ္ဏကျော်ထင်ဦးလှမြင့်ဦး (မောင်သံငြိမ်း)၊ ဦးမြတ်စိုး(မြတ်စိုး-လှိုင်)၊ ဒေါက်တာမြင့်သန်း(ညောင်လေးပင်)၊ ဦးညွန့်တင်(သီဟညွန့်တင်- လသာ)၊ ဒေါက်တာခင်မောင်လွင်(Fame ဆေးဝါးထုတ်လုပ်ရေး)နှင့် ဒေါက်တာနေဝင်း စိတ်ကျန်းမာရေးဖောင်ဒေးရှင်းတို့က ငွေကျပ်တစ်သိန်းစီ၊ ဒေါ်တင်ထက်ထက်ဇော်(စာရေးဆရာမပေါက်ပေါက်)က ငွေကျပ်ငါးသောင်း၊ ဆရာမြတ်သူစံ(ဝါးခယ်မ)နှင့် ဦးထွန်းငွေ-ဒေါ်ခင်ဌေးမြင့် မိသားစု(သန်လျင်မြို့)တို့က ငွေကျပ်သုံးသောင်းစီ၊ ဦးစံရှိန် (ဆရာကြီးရှိန်)နှင့် ဆရာပန်းမျိုးခင်(တောင်ဥက္ကလာပမြို့နယ်)တို့က ငွေကျပ် နှစ်သောင်းစီ၊ ဆရာခင်မောင်ညို(ရေနံချောင်း)က ငွေကျပ် ၁၅ဝဝဝ၊ ဦးစိုးညွန့်(ဇင်ယော်မာန်)နှင့် ဦးစိန်ထွန်း (မြန်မာစာ)တို့က ငွေကျပ်တစ်သောင်းစီ အသီးသီးပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)နှင့် အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)တို့က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေးဆရာအသင်း၊ အမှတ်(၁၇၃/၁၇၅) ပန်းဆိုးတန်းလမ်း(အလယ်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံစာရေးဆရာအသင်း

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။