သက်ကြီးသတင်းစာပညာရှင်ကြီးများအတွက် အလှူငွေပေးအပ်လှူဒါန်း
သက်ကြီးသတင်းစာပညာရှင်ကြီးများအတွက် အလှူငွေပေးအပ်လှူဒါန်း
Ministry of Information/ Naypyitaw / December 17, 2025
ရန်ကုန် ဒီဇင်ဘာ ၁၆
သက်ကြီးသတင်းစာ ပညာရှင်ကြီးများအတွက် ပထမအကြိမ်ထောက်ပံ့ကူညီမှုများကို ယခုနှစ်ဇန်နဝါရီလက ပြုလုပ်ပေးခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဒုတိယအကြိမ် ထောက်ပံ့ကူညီလှူဒါန်းမှုများ ပြုလုပ်ပေးနိုင်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရုံးတွင် ယနေ့ပြုလုပ်ရာ စွယ်စုံမီဒီယာဂရု(ပ်)မှ ဒေါက်တာတင်ထွန်းဦးနှင့် ဇနီးဒေါက်တာခင်မိုးမိုးတို့က အလှူငွေကျပ် ၁၁ သိန်းကို သတင်းမီဒီယာဖွံ့ဖြိုးရေးကော်မတီခေါင်းဆောင် ဦးခင်မောင်ကျော်ဒင်အား ပေးအပ်လှူဒါန်းသည်။
ဆက်သွယ်လှူဒါန်းနိုင်
သက်ကြီးသတင်းစာ ပညာရှင်ကြီးများအား ဒုတိယအကြိမ် ထောက်ပံ့လှူဒါန်းပွဲအတွက် ပါဝင်လှူဒါန်းလိုပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက် ဗိုလ်တထောင်မြို့နယ် ရန်ကုန် မြို့ ဖုန်း ၀၉-၄၂၉၂၅၈၇၁၉၊ ၀၉-၄၄၈၀၂၆၃၂၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
