သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက် Eastern Yangon Eventpark ၌ကျင်းပသည့် Overflow Music Festival ဖျော်ဖြေပွဲတွင် အများပြည်သူအား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီး ညစ်ညမ်းသော စကားများပြောဆိုကာ သီဆိုကခုန်ဖျော်ဖြေခဲ့ကြသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက် Eastern Yangon Eventpark ၌ကျင်းပသည့် Overflow Music Festival ဖျော်ဖြေပွဲတွင် အများပြည်သူအား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီး ညစ်ညမ်းသော စကားများပြောဆိုကာ သီဆိုကခုန်ဖျော်ဖြေခဲ့ကြသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ


Ministry of Information/ Naypyitaw / November 08, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၈

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက် ပေါ်ဆန်းမွှေးလမ်းရှိ Eastern Yangon Eventpark ၌ ကျင်းပပြုလုပ်သည့် Overflow Music Festival ဖျော်ဖြေပွဲတွင် အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလနှင့် Bkho Bain (ခ) သိန်းမင်းထိုက်တို့ ဦးဆောင်သည့်အဖွဲ့မှ အများပြည်သူအား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီး ညစ်ညမ်းသောစကားများပြောဆိုကာ သီဆိုကခုန်ဖျော်ဖြေခဲ့ကြသဖြင့် အရေးယူဆောင်ရွက်နိုင်ရေး စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါဖျော်ဖြေပွဲဖြစ်မြောက်ရေးစီစဉ်ဆောင်ရွက်ခဲ့ကြသူများဖြစ်ကြသည့် စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်နေ တင်ရတနာသိမ့် (၂၈)နှစ်၊ မရမ်းကုန်းမြို့နယ်၊ စည်ပင်မီးသတ်ရုံးဝန်ထမ်းအိမ်ရာနေ ဟန်လင်းထက် (၂၇)နှစ်နှင့် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်နေ အောင်ခန့်မော်(ခ) ဂျပန်ကြီး (၂၉)နှစ်တို့သည် သင်္ဃန်းကျွန်းမြို့ နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက် ပေါ်ဆန်းမွှေးလမ်းရှိ Eastern Yangon Eventpark ၌ Overflow Music Festival ဖျော်ဖြေပွဲအား နိုဝင်ဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် ဖျော်ဖြေပွဲပြုလုပ်နိုင်ရန် ၂ စီစဉ်ခဲ့ကြောင်း၊ အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလ၊ Bkho Bain (ခ) သိန်းမင်းထိုက်တို့အား နိုဝင်ဘာလ ၂ ရက်နေ့ညတွင် အခြားအဆိုတော်များနှင့်အတူ ဖျော်ဖြေပေးရန်ငှားရမ်းခဲ့ကြောင်း၊ နိုဝင်ဘာလ ၂ ရက်နေ့ညတွင် အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလနှင့် Bkho Bain (ခ) သိန်းမင်းထိုက် တို့နှစ်ဦးသည် “ရပါတယ်နှင့် 5.55566” သီချင်းအပါအဝင် သီချင်း ၁၂ ပုဒ်အား သီဆိုဖျော်ဖြေခဲ့ကြောင်း၊ “5.55566” သီချင်းကို ဖျော်ဖြေရာတွင် အများပြည်သူအား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်စေပြီး ညစ်ညမ်းသောစကားများပြောဆိုကာ လာရောက်ကြည့်ရှုသည့် ပရိတ်သတ်များအတွင်းသို့ “ကွန်ဒုံးများ” ဖြန့်ကြဲပြီးနောက် သီဆိုဖျော်ဖြေခဲ့ကြောင်း၊ ထို့သို့ဖျော်ဖြေနေစဉ် ၎င်းတို့နှစ်ဦးအပါအဝင် ၁၃ ဦးခန့်မှ စင်ပေါ်တက်ရောက်၍ ကခုန်ခြင်း၊ Video ရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရပါသည်။

ထိုသို့ဖော်ထုတ်ချက်အရ အခင်းဖြစ်နေ့တွင် သီဆိုဖျော်ဖြေကခုန်ခြင်း၊ Video ရိုက်ကူးခြင်းများတွင် ပါဝင်ခဲ့ကြသူများအား ဖမ်းဆီးရမိနိုင်ရေးဆက်လက်ဆောင်ရွက်ခဲ့ရာ သီဆိုဖျော်ဖြေရာတွင် ပါဝင်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့သစ်(က)ရပ်ကွက်နေ It's Phyo (ခ) ဖြိုးသန့်အောင်(ခ) ကိုဖြိုး (၂၈)နှစ်အား နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီတွင် ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ “What’s Up Cafe ” ဆိုင်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ဖော်ထုတ်ချက်အရ စတိတ်စင်ပေါ်၌ သီဆိုကခုန်ခဲ့သည့် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်နေ ပြည့်စုံထွန်း (ခ) စိုင်းမွမ်းဖ (၂၇)နှစ်အား ယင်းနေ့ ညနေ ၄ နာရီခွဲအချိန်တွင် သုဝဏ္ဏနယ်မြေ ရဲစခန်းသို့ ချိတ်ဆက်ခေါ်ယူ၍လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ သက်လှိုင်ဝင်း(ခ)ကိုသက် (၂၉)နှစ်၊ ချမ်းမြသာစည်မြို့နယ်နေကြသူများဖြစ်ကြသည့် အာကာဖြိုး(ခ)အာကြီး (၂၇)နှစ်၊ မင်းမော်ထွန်း(ခ) မော်ကြီး (၂၇)နှစ်၊ ဟိန်းလွင်ထွန်း (ခ) ဖိုးထန်း (၁၆)နှစ်၊ စိုင်းအောင်ခေး (၂၅)နှစ်တို့အား နိုဝင်ဘာလ ၅ ရက်နေ့ ည ၈ နာရီတွင် ၎င်းတို့၏ နေအိမ်များမှလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့ နယ်၊ အမှတ်(၆) ရပ်ကွက်နေ ဝေလင်းအောင် (၂၂)နှစ်အား ယင်းနေ့ည ၈ နာရီ ၁၅ မိနစ်တွင် သုဝဏ္ဏနယ်မြေရဲစခန်းသို့ ချိတ်ဆက်ခေါ်ယူ၍လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီ ရပ်ကွက်နေသူများဖြစ်ကြသည့် အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလ၊ ပြည့်ဇော်အောင်(ခ) Pause (၂၃)နှစ်နှင့် ထိုက်အောင်ကျော်မြတ်(ခ) ဗြဲကြီး (၂၁)နှစ်တို့အား နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် သုဝဏ္ဏနယ်မြေရဲစခန်းသို့ ချိတ်ဆက်ခေါ်ယူ၍လည်းကောင်း၊ ထို့အတူ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်နေ အဆိုတော် Bkho Bain (ခ) သိန်းမင်းထက် (၂၉)နှစ်နှင့် ရန်ကင်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ လင်းလင်းထွန်း(ခ) လင်းထွန်း (၂၃)နှစ်တို့သည် သုဝဏ္ဏနယ်မြေရဲစခန်းသို့ လာရောက်အဖမ်းခံသဖြင့် အသီးသီးအမှုဖြင့်ဖမ်းဆီး စစ်ဆေးခဲ့ပါသည်။

ထို့သို့ အများပြည်သူအား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီး ညစ်ညမ်းသောစကားများပြောဆိုကာ “ကွန်ဒုံးများ" ဖြန့်ဝေပြီး သီဆိုကခုန်ခဲ့ကြသူများဖြစ်ကြသည့် အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလနှင့် Bkho Bain (ခ) သိန်းမင်းထက်တို့ပါ အမျိုးသား ၁၃ ဦးနှင့် ပွဲစီစဉ်သူများဖြစ်ကြသည့် တင်ရတနာသိမ့်၊ ဟန်လင်းထက်နှင့် အောင်ခန့်မော်(ခ) ဂျပန်ကြီးတို့အား သ င်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်း၌ (ပ)၂၁၃/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ-၅၀၅-က/ ၂၉၄/၁၁၄ အရ အမှုရေးဖွင့်ထားရှိကြောင်းနှင့် ၎င်းတို့အားဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။