သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်း သစ်ပင်စိုက်ပျိုး၍ထာဝရကုသိုလ်ယူ

သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်း သစ်ပင်စိုက်ပျိုး၍ထာဝရကုသိုလ်ယူ


Ministry of Information/ Naypyitaw / July 08, 2025
image_latest


ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်လ ၄ ရက်နေ့က ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့သည်။ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး ၁၈ မျိုး၊ ပျိုးပင် ပေါင်း ၃၀၀၀ ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများစားရေရိက္ခာဖူလုံပြီး ကျန်းမာပျော်ရွှင်ရေးနှင့် သဘာဝဘေးအန္တရာယ်တချို့မှ ကာကွယ်နိုင်ရန်အတွက် သစ်ပင်သစ်တောများ၏ အခန်းကဏ္ဍသည် အဓိကကျသည်။ Green City ၊ Clean City ၊ Smart City နှင့် Green Village များဖြစ်စေရေးအတွက် သစ်ပင်သစ်တောများသည် အလွန်အရေးကြီးသည့် အစိတ်အပိုင်းများဖြစ်သည်။ သစ်ပင်ပန်းမန်များသည် ပတ်ဝန်းကျင်စိမ်းစိုသာယာလှပမှုသာမက လူတိုင်း၏ရင်ကိုအေးမြစေပြီး စိတ်လက်ပေါ့ပါးမှု၊ ပျော်ရွှင်ချမ်းမြေ့မှု၊ လန်းဆန်းတက်ကြွမှုနှင့် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်မှုတို့အပြင် ထိုသို့ဖန်တီးပေးနိုင်သည့် ဂုဏ်ယူစိတ်၊ ကြည်နူးစိတ်ဖြင့် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်၏ သန္ဓေတည်ရာ မျိုးစေ့ဖြစ်လာနိုင်သည်။

သစ်တောသယံဇာတပေါကြွယ်ဝမှုနှင့် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်ဆက်စပ်နေသည့်အတွက် သစ်တောဖုံးလွှမ်းမှု တိုးပွားလာသည်နှင့်အမျှ ဂေဟစနစ်များ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ ထို့အပြင် သစ်၊ ဝါး၊ ကြိမ်အစရှိသည့် သစ်တောထွက်ပစ္စည်းအမျိုးမျိုး ပိုမိုထုတ်လုပ်လာနိုင်ကာ နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သစ်တောသစ်ပင်များကို နိုင်ငံတော်ကဦးဆောင်၍ မူဝါဒချမှတ်ပြီး အလေးအနက်ထားဆောင်ရွက်နေခြင်းဖြစ်သည်။ နိုင်ငံသားအားလုံးကလည်း ရှိပြီးသား သစ်တောသစ်ပင်များကို ကာကွယ်ထိန်းသိမ်းပြီး မိမိတို့ အိမ်ဝင်း၊ ရွာဝင်း၊ ရပ်ကွက်၊ မြို့နယ်၊ လမ်းဘေးဝဲယာတွင် အရိပ်ရပင်၊ လေကာပင်၊ ရာသီအလိုက်ဖူးပွင့်သည့် ပန်းပင်များ စသည်ဖြင့် စိုက်ပျိုးကြရန်နှင့် တစ်ပင်စိုက်၊ တစ်ပင်ရှင်သန်အောင် ပြုစုထိန်းသိမ်းကြရန် နိုင်ငံတော်ဝန်ကြီးချုပ်က မှာကြားထားသည်။

နိုင်ငံတော်အနေဖြင့် အပူပိုင်းဒေသ၏ ဂေဟစနစ်ပိုမိုကောင်းမွန်လာစေရေး၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုမျှတကောင်းမွန်စေရေးတို့ကို စီမံချက်များချမှတ်၍ ဆောင်ရွက်နေသည်။ ထိုသို့ဆောင်ရွက်ရာတွင် သစ်တောဧရိယာများ တိုးပွားလာစေရေး၊ ရေနှင့်မြေဆီလွှာထိန်းသိမ်းရေးအတွက် လမ်းဘေး ဝဲယာတို့တွင် သစ်ပင်စိုက်ပျိုးခြင်း၊ တစ်ရွာနှစ်ဧကဖြင့် ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ခြင်းအပါအဝင် ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော်လျက်ရှိသည်။ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ မြေဆီလွှာတိုက်စားခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ သဘာဝဘေးအန္တရာယ်များကို တားဆီးကာကွယ်ရန် တောင်ကုန်း၊ တောင်ထိပ်များ၊ မြစ်ချောင်း၊ ဆည်တာတမံများ၏ ရေဝေရေလဲဧရိယာများ၊ ဂေဟစနစ်များကိုလည်း ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။

သစ်ပင်များသည် ကမ္ဘာမြေကြီးနှင့် လူသားများအတွက် အကျိုးကျေးဇူးများစွာပေးစွမ်းလျက်ရှိသည်။ သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူးများမှာ ရေးဖွဲ့၍ မကုန်နိုင်အောင်ပင်ဖြစ်သည်။ သစ်ပင်စိုက်ခြင်း၊ ထိန်းသိမ်းခြင်းသည် နိုင်ငံ၏ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များအတွက် အလွန်အရေးကြီးပြီး အကျိုးကြီးမားသည့် သဘာဝရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။ သစ်ပင်စိုက်ခြင်းသည် သာမန်လုပ်ငန်းစဉ်ဖြစ်သော်လည်း ရေရှည်အတွက် ကြီးမားသောအကျိုးကျေးဇူးများကို ရရှိနိုင်သည်။ သစ်တစ်ပင်စိုက်ပြီး သစ်ပင်ကြီးထွားရှင်သန်လာသည်နှင့်အမျှ ရရှိလာသည့် အရိပ်အာဝါသ၊ သစ်သီးဝလံ၊ လတ်ဆတ်သည့်လေ၊ ရေနှင့်မြေဆီလွှာ ထိန်းသိမ်းပေးနိုင်မှု စသည့်အကျိုးကျေးဇူးများသည် စိုက်ပျိုးခဲ့သူအတွက် ကုသိုလ်အလိုလိုရရှိနေမည်။ ယင်းကုသိုလ်သည် တစ်ကြိမ်လုပ်ဆောင်ရုံမျှဖြင့် နှစ်ပေါင်းများစွာ မျိုးဆက်ပေါင်းများစွာအထိ အကျိုးဆက်များစွာပေးစွမ်းနိုင်မည်။

သို့ဖြစ်ရာ သစ်ပင်စိုက်ပျိုးခြင်းသည် နိုင်ငံနှင့် လူသားများအတွက် အကျိုးကျေးဇူးကြီးမားသည့်အပြင် ဇရပ်၊ တန်ဆောင်း၊ ကျောင်း၊ ပြာသာဒ်ဆောက်လုပ်လှူဒါန်းခြင်းနှင့် အခြားထာဝရကုသိုလ်များကဲ့သို့ တူညီသောကုသိုလ်များ ရရှိခံစားနိုင်ပြီး အသက်ရှည်ကျန်းမာသည့် ကုသိုလ်အကျိုးထူးကိုလည်း ရရှိနိုင်မည့် ထာဝရကုသိုလ်ကောင်းမှုပင်ဖြစ်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ၊ ဇူလိုင် ၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 09, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။


Posted on Jul 08, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။


Posted on Jul 07, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 06, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။


Posted on Jul 05, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


Posted on Jul 03, 2025
AnnouncementsExplore more >

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း

Posted on Jul 9, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

Posted on Jul 8, 2025

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

အမည်မည်းစာရင်းကြေညာခြင်း

Posted on Jul 4, 2025

အမည်မည်းစာရင်းကြေညာခြင်း