သဘာဝဘေးအန္တရာယ်ဟူသမျှ ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်သည့် နိုင်ငံတည်ဆောက်

သဘာဝဘေးအန္တရာယ်ဟူသမျှ ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်သည့် နိုင်ငံတည်ဆောက်


Ministry of Information/ Naypyitaw / March 28, 2026
image_latest


၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ၅၂ စက္ကန့်တွင် လှုပ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးမှာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်တွင် မြောက်မှတောင်သို့ တန်းနေသည့် စစ်ကိုင်းပြတ်ရွေ့ကြောကြီးတစ်လျှောက် ပြင်းအားရစ်ခ်တာစကေး ၇ ဒသမ ၇ ဖြင့် လှုပ်ခတ်သွားသည့် အဆိုပါမြေငလျင်ကြီးမှာ မှတ်တမ်းတင်နိုင်ခဲ့သမျှ မြန်မာ့မြေငလျင်သမိုင်းတွင် ဒုတိယအပြင်းထန်ဆုံး မြေငလျင်ကြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးအများအပြားမှာ စစ်ကိုင်းပြတ်ရွေ့ကြောကြီး တစ်လျှောက်တွင် တည်ရှိနေခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုမှာလည်း များပြားလှသည်။

ငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ၁၀ ခုတွင်ရှိသည့် ရပ်ကွက် ၃၇၄ ခု၊ ကျေးရွာအုပ်စု ၉၄၄ စု၊ ကျေးရွာ ၂၀၈၁ ရွာ၊ အိမ်ထောင်စု ၁၆၂၁၆၇ စု၊ လူဦးရေစုစုပေါင်း ၅၀၆၀၆၉ ဦး ဘေးသင့်ခဲ့ပြီး သေဆုံးသူ ၃၇၃၉ ဦး၊ ပျောက်ဆုံးသူ ၆၈ ဦး၊ ဒဏ်ရာရသူ ၅၁၀၄ ဦးရှိခဲ့သည်။ လူနေအိမ် ၅၁၂၁၀လုံး၊ လမ်းလုပ်ငန်း ၄၃၁ ခု၊ တံတား ၁၀၃ စင်း၊ ရထားလမ်း ပျက်စီးနေရာ ၈၃ နေရာနှင့် ရထားလမ်းတံတား ၁၁ စင်း၊ မိုဘိုင်း ဆက်သွယ်ရေးစခန်း ၆၇၃၀ ခု၊ မဟာဓာတ်အားလိုင်း ၁၀ လိုင်း၊ ဓာတ်အားလိုင်းတိုင် ၃၄၃၅ တိုင်၊ ဆည်မြောင်း ၅၉၄ ခု၊ တာတမံခြောက်ခု၊ ဌာနအဆောက်အအုံ ၁၁၃၃၈ လုံး၊ ဆေးရုံ ၃၈၄ ရုံ၊ ဆေးခန်း ၃၆၄ ခန်း၊ ရှေးဟောင်းအဆောက်အအုံနှင့် ပြတိုက် ၁၆၆ ခု၊ အခြေခံပညာကျောင်း ၂၄၀၉ ကျောင်း၊ အဆင့်မြင့်ပညာကျောင်း ၇၂ ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်း ၉၀၊ ဘုရားစေတီ ၆၄၆၉ ဆူ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် အခြားဘာသာရေး အဆောက်အအုံ ၅၅၈၈ ခု၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ၃၄၄ ခု၊ သီးနှံ ၇၈ ဒသမ ၅ ဧက၊ တိရစ္ဆာန်အကောင် ၁၃၃၇၀၀ ကောင် ထိခိုက်ပျက်စီးခဲ့ရပြီး မူလပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ငွေကျပ် ၃၈၀၄ ဒသမ ၅၄၉ ဘီလီယံဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်တွင် ကျင်းပသည့် မန္တလေးငလျင်ဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်လှူဒါန်းပွဲတွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးပြီးချင်းမှာပင် ပျက်စီးဆုံးရှုံးမှုပမာဏများပြားသည်ကို တွေ့ရခြင်းကြောင့် နိုင်ငံတော်အကြီးအကဲက ချက်ချင်းဆိုသလိုပင် ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် ပြည်တွင်းပြည်ပမှ အကူအညီများ ပေးအပ်နိုင်ရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ရာ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၃၁၀၉ ဒသမ ၃၁၇ ရရှိခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၀၇၀၊ ကျန်းမာရေးစောင့်ရှောက်ရေး ပညာရှင်များနှင့် ဆရာဝန် များ ၂၈၇ ဦးတို့ လာရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြသည်။ ငလျင်လှုပ်ပြီးချိန်တွင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ကယ်ဆယ်ရေးဝန်ထမ်းများနှင့် အကူအညီများ လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းခရီးမှတစ်ဆင့် ရောက်ရှိလာခဲ့ကြသည်။

မန္တလေးငလျင်ကြီးသည် ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုများ ဖြစ်ခဲ့ရုံမျှမက လူမှုစီးပွားဘဝများ၊ သယ်ယူပို့ဆောင်ရေးများ၊ စွမ်းအင်များ၊ ဆက်သွယ်ရေးများ ပျက်စီး၊ ပြတ်တောက်ခဲ့ရသည်။ ပြည်သူများ၏ စိတ်ဓာတ်ခွန်အား ထိခိုက်စေခဲ့သလို ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကိုလည်း ရိုက်ခတ်မှုအထိုက်အလျောက်ဖြစ်စေခဲ့သည်။ စီးပွားရေးကဏ္ဍတွင် လမ်းတံတားအခြေခံအဆောက်အအုံများ၊ MSME များ၊ စက်ရုံအလုပ်ရုံများအပါအဝင် စီးပွားရေးလုပ်ငန်းကြီးများ ထိခိုက်ပျက်စီးခဲ့သည်။

စစ်ကိုင်းပြတ်ရွေ့ကြောကြီးသည် သက်ဝင်လှုပ်ရှားနေဆဲဖြစ်ပြီး ယခုရက်ပိုင်းအတွင်းမှာပင် အင်အားအသင့်အတင့်ရှိသည့် ငလျင်အချို့ လှုပ်ခတ်သွားခဲ့သည်။ ငလျင်လှုပ်ပြီး တစ်နှစ်ပြည့်မြောက်သည့် ယခုကာလတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။ မိမိတို့နိုင်ငံသည် သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေမြင့်မားသည့် နိုင်ငံဖြစ်သည့်အလျောက် အနာဂတ်တွင် တွေ့ကြုံလာနိုင်ဖွယ်ရှိသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကာကွယ်နိုင်ရန် သဘာဝဘေးအန္တရာယ်မြင့်မားမှုရှိနေသည့် နေရာပြအမျိုးသားအဆင့် မြေပုံရေးဆွဲပေါ်ထွက်လာရေး၊ အချက်ပေးစနစ်များ တပ်ဆင်ရေး၊ ဘေးအန္တရာယ်ဒဏ်ခံနိုင်ရည်ရှိသော ခိုလှုံရေးစင်တာများ တည်ဆောက်ရေး စသည်တို့ကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

မိမိတို့နိုင်ငံနှင့် မိမိတို့ပြည်သူများမှာ ကြီးမားပြင်းထန်သည့် သဘာဝဘေးအန္တရာယ်ကြီးများ ကျရောက်သည့် အတွေ့အကြုံနှင့် ပြန်လည်ထူထောင်မှုအတွေ့အကြုံများ ရှိပြီးဖြစ်ရာ အနာဂတ်ကာလတွင် ဘေးအန္တရာယ်ဟူသမျှကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်သည့် နိုင်ငံနှင့် ပြည်သူများအဖြစ် ဖန်တီးတည်ဆောက်ကြရပါမည့်အကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 05, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း