သဘာဝမြေဩဇာ ရွက်ဖျန်းအားဆေးရည်ကို ပြည်တွင်း၌ထုတ်လုပ်နိုင်မှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချစေနိုင်မည် ပြည်သူများ စားဝတ်နေရေးပိုမိုပြည့်စုံမြင့်မားလာစေရေး သမဝါယမအသင်းအဆင့်ဆင့် ဟန်ချက်ညီညီ ပူးပေါင်းအကောင်အထည်ဖော်
သဘာဝမြေဩဇာ ရွက်ဖျန်းအားဆေးရည်ကို ပြည်တွင်း၌ထုတ်လုပ်နိုင်မှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချစေနိုင်မည် ပြည်သူများ စားဝတ်နေရေးပိုမိုပြည့်စုံမြင့်မားလာစေရေး သမဝါယမအသင်းအဆင့်ဆင့် ဟန်ချက်ညီညီ ပူးပေါင်းအကောင်အထည်ဖော်
Ministry of Information/ Naypyitaw / December 20, 2025
နေပြည်တော် ဒီဇင်ဘာ ၁၉
နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အထောက်အပံ့အဖြစ် ရုရှားနိုင်ငံ RUMA Organic ကုမ္ပဏီနှင့် အောင်သန်းထိုက် Agriculture Development ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် ရုရှား - မြန်မာ သဘာဝရွက်ဖျန်းမြေဩဇာစက်ရုံ ပန္နက်တင်မင်္ဂလာနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာအုပ်စု အကွက်အမှတ်(၁၆၆၂)၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ FUND RC-Investments မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Artemi Alimov ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ Embassy Counsellor Mr. Andrei Lunak နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ RUMA Organic ကုမ္ပဏီနှင့် အောင်သန်းထိုက်ကုမ္ပဏီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မင်္ဂလာအချိန်တွင် သတ်မှတ်နေရာများ၌ ပန္နက်တင်ပေးကြသည်။
ကနဦးခြေလှမ်းဖြစ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ရေရှည်အထောက်အကူပြုမည့် အရေးပါသည့်စီမံကိန်းတစ်ခု၏ ကနဦးခြေလှမ်းဖြစ်ပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (FUND RC-Investments)၏ RUMA Organic ကုမ္ပဏီအနေဖြင့် ပျဉ်းမနားခရိုင်၊ နေပြည်တော်ကောင်စီနယ်မြေတွင် သဘာဝရွက်ဖျန်းမြေဩဇာများ တင်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးခဲ့ပါကြောင်း။
အလေးထား ဆောင်ရွက်
ဤစီမံကိန်းအပေါ် မိမိတို့ ယာယီသမ္မတက အထူးအလေးထားပြီး မြန်မာ-ရုရှား နှစ်နိုင်ငံ ခိုင်မာသည့်ချစ်ကြည်ရင်းနှီးမှုနင့် ပူးပေါင်းဆောင်ရွက်မှုကိုပြသရန် အခွင့်အရေးတစ်ရပ်ဖြစ်သည့်အတွက် စက်ရုံကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း အမြန်ဆုံးဆောက်လုပ်နိုင်ရေး အထူးအလေးထား ဆောင်ရွက်စေလိုပါကြောင်း၊ သဘာဝမြေဩဇာရွက်ဖျန်းအားဆေးရည်ကို ပြည်တွင်းတွင် ထုတ်လုပ်နိုင်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများ ကုန်ကျစရိတ်လျော့နည်းစေမည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချစေနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် FUND RC-Investments မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Artemi Alimov က မြန်မာစိုက်ပျိုးရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများကိုလည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ Embassy Counsellor ဖြစ်သူ Mr. Andrei Lunak က နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ RUMA Organic ကုမ္ပဏီနှင့် အောင်သန်းထိုက်ကုမ္ပဏီတို့မှ တာဝန်ရှိသူများက စက်ရုံတည်ဆောက်၍ သဘာဝရွက်ဖျန်းမြေဩဇာများ ထုတ်လုပ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ်(၁၆)တွင် ကျင်းပသည့် မြန်မာ့သမဝါယမစတင်ခြင်း (၁၂၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ သမဝါယမကောလိပ်(ဖောင်ကြီး)နှင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများမှ အကောင်းဆုံး စံပြဆုရရှိကြသော သင်တန်းဆင်းကျောင်းသူလေးများ၏ “မင်္ဂလာရှိသောနေ့သစ်ဆီသို့” တေးသီချင်း၊ သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်)မှ ကျောင်းသူလေးများ၏ “မင်္ဂလာပါ” တေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်မှုများကိုလည်းကောင်း၊ မြန်မာ့သမဝါယမစတင်ခြင်း (၁၂၁) နှစ်မြောက် အထိမ်းအမှတ်ဂုဏ်ပြု Video Clip ကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သမဝါယမစနစ်ဆိုသည်မှာ စိတ်ဆန္ဒ၊ ရည်ရွယ်ချက်တူညီသည့် လုပ်ငန်းရှင်အချင်းချင်း၊ တောင်သူအချင်းချင်း စုဖွဲ့ဆောင်ရွက်ရသည့် အသင်းအဖွဲ့စနစ်တစ်ခုဖြစ်ပါကြောင်း၊ သမဝါယမဦးစီးဌာနအနေဖြင့် လယ်ယာထုတ်ကုန်များကို ဈေးကွက်သို့ ချိတ်ဆက်ပေးနိုင်ရေး၊ ပြည်သူများ၏ စားဝတ်နေရေး ပိုမိုပြည့်စုံမြင့်မားလာစေရေးအတွက် သမဝါယမအသင်းအဆင့်ဆင့်တို့နှင့်အတူတူ ဟန်ချက်ညီညီ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး “သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆုရရှိသူက သမဝါယမအကြောင်း သိကောင်းစရာများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တာဝန်အဆက်ဆက်ထမ်းဆောင်ခဲ့သော ဂုဏ်ပြုခံ အငြိမ်းစားပုဂ္ဂိုလ်များကိုယ်စား (အငြိမ်းစား) ဒုတိယဝန်ကြီး ဦးမြင့်စိုးကို အမှတ်တရလက်ဆောင်ပေးအပ်သည်။
ဆုများချီးမြှင့်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဦးစီးဌာနအတွင်း ဂုဏ်ထူးဆောင်ဆု ရရှိကြသူများ၊ စွမ်းဆောင်ရည်ဆုရရှိကြသော ဝန်ထမ်းများနှင့် သမဝါယမအသင်းများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ဆုရရှိကြသူများ၊ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများမှ အကောင်းဆုံးဆုရရှိကြသူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် လေးဘာသာဂုဏ်ထူးရရှိခဲ့ကြသည့် ဝန်ထမ်းသားသမီးများ၊ ကျပန်းစကား ပြောပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် အထူးဆုကံစမ်းမဲပေါက်ကြသော ဝန်ထမ်းများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)မှ ကျောင်းသူလေးများက “သာစွဌာနရာမညမြေ” တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
