သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ ပထမအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ ပထမအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / June 26, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၂၅ ခုနှစ် မိုးရာသီ ပထမအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ၂၆-၆-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ်-၁၄ ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ အရာထမ်း အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း အင်အား ၁၀၀၀ ဦး တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အထိမ်းအမှတ် ကျွန်းပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးပြီး၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက အထိမ်းအမှတ် သစ်ပင်များအား သတ်မှတ်နေရာများတွင် ဆက်လက်စိုက်ပျိုးပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများက ပျိုးပင်များ စိုက်ပျိုးနေမှုအား လှည့်လည် ကြည့်ရှု အားပေးသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ ပိတောက်နက် စသည့် တန်ဖိုးရှိ သစ်မျိုးများအပါအဝင် စုစုပေါင်းသစ်မျိုး (၂၁) မျိုးဖြင့် ပျိုးပင် (၁၅၀၀)ပင် အား လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးကြသည်။
သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းပြုစုရေး လုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေးအတွက် မိုးရာသီအကြိုနှင့် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုး ပွဲများကို နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် နှစ်စဉ်ကျင်းပပြုလုပ်လျက် ရှိရာ ယခုနှစ်တွင် လူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ (၁၉၄) ကြိမ် သစ်ပင်ပေါင်း (၁၆၀,၇၃၂) ပင်စိုက်ပျိုးခဲ့ပြီး မိုးကာလအတွင်း သစ်ပင်စိုက်ပွဲများအား ဆက်လက်ကျင်းပ သွားမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် မိုးရာသီအတွင်း သစ်ပင်စုစုပေါင်း ၂၂ သန်း စိုက်ပျိုးလျက်ရှိသည်။
ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်း ခေါ်ယူခြင်း
Posted on Jun 26, 2025အများပြည်သူသို့ အသိပေးကြေညာချက်
Posted on Jun 25, 2025၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Jun 25, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း