သာကေတမြို့နယ် အမှတ်(၇)ရပ်ကွက်(အနောက်)မဲရုံများသို့ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ  လာရောက်လေ့လာ

သာကေတမြို့နယ် အမှတ်(၇)ရပ်ကွက်(အနောက်)မဲရုံများသို့ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ  လာရောက်လေ့လာ


Ministry of Information/ Naypyitaw / January 25, 2026
image_latest


သာကေတ ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်တွင် ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီ(၂၅)ရက် နံနက်(၆)နာရီက စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာသည်။

နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံမှကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့၊ နီပေါနိုင်ငံရွေးကောက်ပွဲကော်မရှင်မှကိုယ်စားလှယ်အဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံရွေးကောက်ပွဲကော်မရှင်မှကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့၊ အိန္ဒိယနိုင်ငံမှကိုယ်စားလှယ်နှင့် International Conference of Asian Political Parties (ICAPP) အဖွဲ့မှကိုယ်စားလှယ်အဖွဲ့များသည် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့်အတူ သာကေတမြို့နယ် အမှတ်(၇)ရပ်ကွက်(အနောက်)ရှိ မဲရုံအမှတ်(၁)၊ မဲရုံအမှတ်(၂)နှင့် မဲရုံအမှတ်(၃)များသို့ရောက်ရှိပြီး မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးနေမှု၊ မဲရုံတာဝန်ရှိသူများမှ ပြည်သူများအစဥ်ပြေစွာ ဆန္ဒမဲပေးနိုင်ရေးကူညီဆောင်ရွက်ပေးနေမှုများကို လေ့လာကြည့်ရှုသည်။ ဆက်လက်၍ မဲရုံတာဝန်ထမ်းဆောင်ကြသူများနှင့် လွတ်လပ်စွာဆန္ဒမဲလာရောက်ပေးလျက်ရှိသော ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 25, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Posted on Jan 24, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Posted on Jan 23, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Posted on Jan 22, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 21, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Posted on Jan 20, 2026