သာကေတမြို့နယ် အမှတ်(၇)ရပ်ကွက်(အနောက်)မဲရုံများသို့ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာ
သာကေတမြို့နယ် အမှတ်(၇)ရပ်ကွက်(အနောက်)မဲရုံများသို့ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာ
Ministry of Information/ Naypyitaw / January 25, 2026
သာကေတ ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်တွင် ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီ(၂၅)ရက် နံနက်(၆)နာရီက စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာသည်။
နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံမှကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့၊ နီပေါနိုင်ငံရွေးကောက်ပွဲကော်မရှင်မှကိုယ်စားလှယ်အဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံရွေးကောက်ပွဲကော်မရှင်မှကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့၊ အိန္ဒိယနိုင်ငံမှကိုယ်စားလှယ်နှင့် International Conference of Asian Political Parties (ICAPP) အဖွဲ့မှကိုယ်စားလှယ်အဖွဲ့များသည် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့်အတူ သာကေတမြို့နယ် အမှတ်(၇)ရပ်ကွက်(အနောက်)ရှိ မဲရုံအမှတ်(၁)၊ မဲရုံအမှတ်(၂)နှင့် မဲရုံအမှတ်(၃)များသို့ရောက်ရှိပြီး မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးနေမှု၊ မဲရုံတာဝန်ရှိသူများမှ ပြည်သူများအစဥ်ပြေစွာ ဆန္ဒမဲပေးနိုင်ရေးကူညီဆောင်ရွက်ပေးနေမှုများကို လေ့လာကြည့်ရှုသည်။ ဆက်လက်၍ မဲရုံတာဝန်ထမ်းဆောင်ကြသူများနှင့် လွတ်လပ်စွာဆန္ဒမဲလာရောက်ပေးလျက်ရှိသော ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
