သီတဂူဆရာတော် အရှင်ဉာဏိဿရ၏ ၁၃၈၆ ခုနှစ် နှစ်သစ်ကူး ဩဝါဒကထာ

သီတဂူဆရာတော် အရှင်ဉာဏိဿရ၏ ၁၃၈၆ ခုနှစ် နှစ်သစ်ကူး ဩဝါဒကထာ


Ministry of Information/ Naypyitaw / April 17, 2024
image_latest


နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးအထူးပင် ဓမ္မကထာဖြင့် နှုတ်ခွန်းဆက်ပါသည်။

တရားချစ်ခင်သူတော်စင်အပေါင်းတို့-

ယခုအခါ ၁၃၈၅ ခုနှစ်ဟူသော နှစ်ဟောင်းတစ်နှစ်ကုန်သွားပါပြီ။ ၁၃၈၆ ခုနှစ်ဟူသော နှစ်သစ် တစ်ခုသို့ ရောက်လာပြန်ပါပြီ။ ကုန်လွန်သွားသော ဒီ ၁၃၈၅ ခုနှစ်ဟူသော နှစ်ဟောင်းဟာ လွန်ခဲ့တဲ့ နှစ်က နှစ်သစ်ဖြစ်ခဲ့ပါတယ်။ ယခုတော့ ဟောင်းနွမ်းကုန်ဆုံးခဲ့လေပြီ။ ထိုနည်းတူစွာ ယခုရောက်ရှိလာတဲ့ ၁၃၈၆ ဟူသော နှစ်သစ်ဟာလည်း တဖြည်းဖြည်းဟောင်းဟောင်းပြီး ကုန်ဆုံးသွားမှာပဲဖြစ်ပါတယ်။ ဖြစ်ပေါ်လာသမျှ အသစ်အသစ်တွေ အားလုံးဟာလည်း သတ္တဝါတွေပါမကျန် ဟောင်းဟောင်းသွားကြပြီး ပျောက်ပျက်ကုန်ကြရမှာချည်းပါပဲ။ အသစ် အသစ်တိုင်း အဟောင်းအဟောင်းဖြစ်သွားကြရပြီး‌ ပြောင်းပျက်ကြရမှာချည်းပါပဲ ဒီသဘောဟာ- မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ ဝယဓမ္မာသင်္ခါရာဆိုတဲ့ သင်္ခါရတို့ရဲ့သဘောပါပဲ။ အဲဒီသင်္ခါရသဘောကို စောင့်ကြည့်နိုင်တဲ့ပုဂ္ဂိုလ်ဟာ လူစွမ်းကောင်းပါပဲ။ အသစ်အသစ်တို့ရဲ့ အဟောင်းအဟောင်းဖြစ်ပြီး ပြောင်းပျက်ရတဲ့သဘောကို စောင့်ကြည့်ကြဖို့ ဗုဒ္ဓရှင်တော်က “ဝယဓမ္မာသင်္ခါရာ အပ္ပမာဒေန သမ္မာဒေထ” လို့ မိန့်ကြားတော်မူခဲ့ပါတယ်။

ကမ္ဘာ့သမိုင်းဦးကျမ်းလို့ဆိုလောက်တဲ့ စက္ကဝတ္တိသုတ်တော်ကြီးမှာ စက္ကဝတ္တိမင်းကြီး နတ်ရွာစံခါနီး သားတော်ကြီးကို ထီးနန်းလွှဲတော့ မှာထားတဲ့ မှာကြားချက်ရှိပါတယ်။အဲဒီမှာကြားချက်ဟာ ပါဠိ တော်မှာ ဒီလိုရှိပါတယ်-“ခမ္မိတံ ရက္ခာဝရဏဝုတ္ထိ” “သံဝိဒထိ အနောနံ ဓနံ မနုပ္ပဒါသိ” လို့ဟောထားတာ ရှိပါတယ်။ အဲဒီပါဠိတော်တွင် ပြောထားသည်မှာ “တိုင်းသားပြည်သူ လူအားလုံးကို ဓမ္မနှင့်ညီညွတ်သော အာရက္ခ- အစောင့်အရှောက်၊ အာဂရက- ပိတ်ပင်တားမြစ်မှု၊ ဝုတ္ထိ- လုံခြုံမှုပေးရမည်ဟု ပြောထားပါတယ်။ ထို့ပြင် အနောနံ ဓနံ မနုပ္ပဒါသိ- ဆင်းရဲသားတို့ကိုလည်း ချီးမြောက်ထောက်ပံ့ရမည်ဟု ဟောထားပါတယ်။ ဒါကြောင့် ဆင်းရဲသူ ဆင်းရဲသား ချီးမြောက်စောင့်ရှောက်ခြင်း အလုပ်တွေကို စက္ကဝတ္တိမင်း၏ နောက်မင်းဆက်တွေဟာ မဆောင်ရွက်ကြတော့သဖြင့် တိုင်းသူပြည်သားတွေ ပို၍ဆင်းရဲလာကြတယ်။ ထို့နောက် ဖြစ်ပေါ်လာသော မကောင်းမှုအကျိုးဆက်တွေက ခိုးဝှက်လုယက်မှုတွေပဲပေါ့။ ကံ၊ ဉာဏ်၊ ဝီရိယ (သို့မဟုတ်) စိတ်စေတနာနဲ့ ဉာဏ်ဝီရိယတို့ သိမ်ဖျင်းသည့် လူတချို့က- ခိုးဝှက်၊ လုယက်၊ တိုက်ခိုက်ကြတယ်။ ဆိုလိုသည်မှာ - ကမ္ဘာဦးကာလက လူဖျင်း/လူပျင်းတွေကြောင့် တိုက်ခိုက်၊ ခိုးဝှက်၊ လုယက်ခြင်းဆိုတဲ့ အဒိန္နဒါနမှု စပေါ်တယ်လို့ ဆိုတာပါပဲ။ အဒိန္နဒါနမှု စတင်ပေါ်လာတော့- ဘုရင်ကဖမ်းဆီးပြီး အပြစ်ကျူးလွန်သူတို့ကို သတ်ပစ်တယ်။ ဒုတိယပေါ်လာ တာကတော့ ပါဏာတိပါတမှု ပေါ်လာတယ်။ ပါဏာတိပါတမှုပေါ်လာတော့- အသတ်ခံရမှာ ကြောက်လို့ ရုံးတော်မှာလိမ်ကြတယ်။ မုသာဝါဒမှု ပေါ်လာတယ်။ သိသူမြင်သူတွေက တိုင်ကြတယ်။ အဲဒါ ပိသုဏဝါစာပဲ။

ဤသို့အားဖြင့် တဖြည်းဖြည်းနဲ့ နှစ်တွေကြာညောင်းလာတော့- လူ့သက်တမ်းနှစ်တစ်ထောင် ရောက်တဲ့အခါ မိစ္ဆာဒိဋ္ဌိတရားတွေအထိ ပေါ်လာပါတယ်။ ထို့နောက် လူ့သက်တမ်းနှစ်တစ်ရာရောက် လာတော့ အဓမ္မာရာဂ ၊ဝိသမလောဘ၊ မိစ္ဆာဓမ္မဆိုတဲ့ မကောင်းတရားတွေ ပေါ်လာတယ်လို့ အကျဉ်းချုံး၍ မှတ်ရအောင်။ ဒီတော့ဆိုလိုတာက- မကောင်းတရား (၁၈)ပါးစုံပြီပေါ့။ အဲဒီမကောင်းတရား(၁၈)ပါးရဲ့ ရေသောက်မြစ်က- လောဘ၊ ဒေါသ၊ မောဟ ဒီသုံးပါးပဲဖြစ်ပါတယ်။ ဒီတရားသုံးပါးပေါ်လာတော့ ကမ္ဘာကြီးမှာဖြစ်လာမယ့်အကျိုးဆက်တွေက -

၁။ လောဘထူပြောတဲ့ခေတ်မှာ- ဒုဗ္ဘိက္ခန္တရကပ်- အငတ်ဘေးရောက်တတ်ပါတယ်။

၂။ ဒေါသထူပြောတဲ့ခေတ်မှာ- သတ္ထန္တရကပ်- လက်နက်မျိုးစုံနဲ့ သတ်ဖြတ်တဲ့ဘေးရောက် တတ်ပါ တယ်။

၃။ မောဟထူပြောတဲ့ခေတ်မှာ- ရောဂန္တရကပ်- ရောဂါမျိုးစုံဘေးရောက်တတ်ပါတယ်။

ဒီအကြောင်းအရာတွေကို ကမ္ဘာဦးသမိုင်းကျမ်းလို့ဆိုရတဲ့ စက္ကဝတ္တိသုတ်မှာ ဟောတော်မူတာကို အကျဉ်းချုံးပြတာဖြစ်ပါတယ်။ အဲဒီတော့ ဒီနေ့ဒီခေတ်မှာ လောကပျက်စီးကြောင်း မကောင်းတရားတွေ စုံနေပါပြီ။ ဒီမကောင်းတရားတွေကို ထိန်းချုပ်နိုင်မှ ဘုရားဟောသုတ်တော်ကြီးအတိုင်း ပြောရလျှင် ဆင်းရဲသားတွေကို ထမင်းကောင်းစွာ စားရဖို့၊ အေးချမ်းစွာနေနိုင်ဖို့ အားထုတ်ပေးကြ မှသာ အတော်အတန်အေးချမ်းသာယာရှိလိမ့်မည်ဆိုတာကို ပြောချင်ပါတယ်။

နိဂုံးချုပ်အားဖြင့် မကောင်းတရား တစ်ဆယ့်ရှစ်ပါးနှင့် ဘေးကြီးသုံးပါးတို့ရဲ့ အကြောင်းရင်းမူလသုံးပါးဖြစ်တဲ့ - လောဘ၊ ဒေါသ၊ မောဟ ဤတရား သုံးပါးတို့ကို ထိန်းချုပ်နိုင်ကြပါစေ၊ ပယ်သတ်နိုင်ကြပါစေလို့ နှစ်သစ်မှာဆုတောင်းပါတယ်။

နှစ်သစ်ကူးတဲ့ လတန်ခူးမှာ-

တောအုပ်ကြီးတစ်ခုလုံးရွက်သစ်နဲ့တဝေဝေ၊

ပန်းမျိုးစုံနဲ့ သင်းပျံ့မွှေးကြိုင်နေသလို-

နိုင်ငံတစ်ဝန်း ငြိမ်းချမ်းသာယာရှိပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

“သီတဂူစန်းလပမာချမ်းမြသာယာရှိကြပါစေ”

သီတဂူဆရာတော်

နိုင်ငံတော်ဩဝါဒါစရိယ၊

ရွှေကျင်နိကာယသာသနာပိုင်

အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာ

သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊

သီတဂူဆေးရုံတော်များနှင့်

သီတဂူဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 13, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Posted on May 12, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Posted on May 11, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Posted on May 10, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Posted on May 09, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Posted on May 08, 2026
AnnouncementsExplore more >

အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Posted on May 12, 2026

အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)

Posted on May 11, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)