သီတင်းကျွတ်လပြည့်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် အထူးစည်ကား
သီတင်းကျွတ်လပြည့်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် အထူးစည်ကား
Ministry of Information/ Naypyitaw / October 07, 2025

နေပြည်တော် အောက်တိုဘာ ၆
ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ပုထိုးများတွင် ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိပြီး နေပြည်တော်အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများသည် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်း၊ အဘိဓမ္မာတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဆီမီးများ ထွန်းညှိပူဇော်ခြင်းတို့ဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
နံနက်ပိုင်းမှစတင်၍ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ လက်လုပ်တောင်၊ ရွှေနန်းသွင်းစေတီတော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ် ပေါင်းစုစေတီတော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်စေတီတော်၊ လယ်ဝေးမြို့ရှိ ဖောင်တော်ချက်မစေတီတော်၊ ဥတ္တရသီရိမြို့နယ်ရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ကြီးနှင့် “ဖွား၊ ပွင့်၊ ဟော၊ စံ” သံဝေ ဇနိယ (၄)ဌာန အပါအဝင် ဘုရား၊ စေတီ၊ ပုထိုး၊ ဘုန်းကြီးကျောင်းများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့်စည်ကားခဲ့ပြီး ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းတို့ဖြင့် ပြည်သူများ ကုသိုလ်ကောင်းမှုပြုလုပ်ကြသည်ကို တွေ့မြင်ရသည်။
ညပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ စွမ်းအင်ဝန်ကြီးဌာနကကြီးမှူး၍ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ကြပြီး ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဂန္ဓကုဋိတိုက်များ၊ သဒ္ဓါဓိပတိခေါင်းလောင်းတော်၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရား၊ ရေပန်းရင်ပြင်၊ အဂ္ဂါ ဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များအပါအဝင် အခြားသာသနိက အဆောက်အအုံများကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုလေ့လာခြင်း၊ တရားဘာဝနာပွားများခြင်း၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်းစသည့် ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားများပြားခဲ့သည်၊၊
ထို့ပြင် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) သည် အများပြည်သူရုံးပိတ်ရက်ဖြစ်သည့်အတွက် နေပြည်တော်အတွင်းရှိ အများပြည်သူ အပန်းဖြေအနားယူရာနေရာများတွင် ပြည်သူများသည် လွတ်လပ်ပျော်ရွှင်စွာ အနားယူအပန်းဖြေလျက်ရှိကြသည်။
ထို့အတူ နေပြည်တော်ရေပန်းဥယျာဉ်အတွင်း ကျင်းပလျက်ရှိသည့် သီတင်းကျွတ်တေးဂီတဖျော်ဖြေပွဲနှင့် ညဈေးရောင်းပွဲတော်အတွင်း မြန်မာ့ရိုးရာအစား အစာများနှင့် အခြား စားသောက်ဖွယ်ရာများ ရောင်းချလျက်ရှိသည့်အပြင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် နိုင်ငံကျော်တေးသံရှင်များက DJ၊ Music Band များနှင့်အတူတွဲဖက်၍ ပရိသတ်အကြိုက် တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြရာ ပြည်သူအများ အေးချမ်းပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲခဲ့ကြပြီး လာရောက်ကြည့်ရှုကြသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။
မင်းကျော်စွာ၊ ဓာတ်ပုံ-ပြည့်စုံအောင်


၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
Posted on Oct 10, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
Posted on Oct 09, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။
Posted on Oct 08, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။
Posted on Oct 07, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက် ၊ အောက်တိုဘာ ၅ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 05, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများ ဝယ်ယူရန်နှင့် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏...
Posted on Oct 3, 2025လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများ ဝယ်ယူရန်နှင့် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Posted on Oct 3, 2025လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
သန့်ရှင်းရေးအကူရာထူး (၂) နေရာတို့အတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Oct 3, 2025သန့်ရှင်းရေးအကူရာထူး (၂) နေရာတို့အတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း