သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ သိမ်းဆည်းရမိမှု နောက်ဆက်တွဲသတင်း

သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ သိမ်းဆည်းရမိမှု နောက်ဆက်တွဲသတင်း


Ministry of Information/ Naypyitaw / January 12, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၂

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၉၊ ၁ဝ၊ ၁၁) ရက်များတွင် သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်များအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။ မိုင်းရယ်မြို့ အနောက်တောင်ဘက် ၂၀ ကီလိုမီတာခန့်အကွာ ဒုတိယနေရာမှ လက်ရှိသိမ်းဆည်းရမိသော ဓာတုပစ္စည်းများအပေါ် ခန့်မှန်းတွက်ချက်မှုအရ အိုက်စ် ၂၇ တန်ခန့်(တန်ဖိုးငွေကျပ် ၅၄၀ ဘီလီယံ) ထုတ်လုပ်နိုင်ပြီး စိတ်ကြွဆေးပြားအဖြစ် ပြောင်းလဲထုတ်လုပ်ပါက စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ အဆိုပါ စိတ်ကြွဆေးပြားများ ဈေးကွက်အတွင်းသို့ ရောက်ရှိသွားပါကငွေကျပ် ၁,၆၂၀ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ပျံ့နှံ့သွားမည်ဖြစ်ပါသည်။ အဆိုပါနေရာမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကို လေ့လာဖော်ထုတ်သုံးသပ်ချက်အရ အိုက်စ် ၂၇ တန် (သို့မဟုတ်) စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့်ထက် ပိုမိုများပြားသည့် မူးယစ်ဆေးဝါးများကို ပုံမှန်ထုတ်လုပ်နေခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

အဆိုပါ ဒုတိယနေရာနှင့် ၎င်း၏ အနောက်တောင်ဘက် ၁၉ ကီလိုမီတာခန့်အကွာ တတိယနေရာတို့တွင် GUAN YIN WANG စာတန်းပါ ထုပ်ပိုးခွံများနှင့် တရုတ်စာတန်းပါ ထုပ်ပိုးခွံ အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့ပါသည်။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဖမ်းဆီးရမိခဲ့သည့် အိုက်စ် ၃၇.၈၁၅ တန် အနက် GUAN YIN WANG စာတန်းပါ ထုပ်ပိုးခွံဖြင့် ထုပ်ပိုးထားသည့် အိုက်စ် ၁၁.၆၈၆ တန်နှင့် တရုတ်စာတန်းပါထုပ်ပိုးခွံဖြင့် ထုပ်ပိုးထားသည့် အိုက်စ် ၀.၉၆ တန်၊ စုစုပေါင်း ၁၂.၆၄၆ တန် (စုစုပေါင်းကာလတန်ဖိုးငွေကျပ် ၂၅၂.၉၂ ဘီလီယံ) ဖမ်းဆီးရမိခဲ့ကြောင်းစိစစ်တွေ့ရှိရသဖြင့် အဆိုပါနေရာနှစ်ခုမှ ထုတ်လုပ်ဖြန့်ဖြူး ခဲ့သည့် ပမာဏမှာ ၂၀၂၅ ခုနှစ် အတွင်း တစ်နိုင်ငံလုံး၌ ဖမ်းဆီးရမိခဲ့သည့် အိုက်စ်ပမာဏ၏ ၃၃.၄၄ ရာခိုင်နှုန်းခန့် ရှိကြောင်း ဖော်ထုတ်တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၀၊ ၁၁) ရက်များတွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာ ၃ ခုသည် မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပင်ရင်းနေရာများဖြစ်ကြောင်း စိစစ်တွေ့ရှိရမှုအား သတင်းထုတ်ပြန်အပ်ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။