သုတေသနပြု တူးဖော်ရာမှတွေ့ရှိထားသော အုတ်စီအုတ်ရိုးများ၊ အုတ်ကြမ်းခင်းများ၊ အုတ်ကြွပ်မိုးနှင့် သံမယ်နများကို စနစ်တကျထိန်းသိမ်း
သုတေသနပြု တူးဖော်ရာမှတွေ့ရှိထားသော အုတ်စီအုတ်ရိုးများ၊ အုတ်ကြမ်းခင်းများ၊ အုတ်ကြွပ်မိုးနှင့် သံမယ်နများကို စနစ်တကျထိန်းသိမ်း
Ministry of Information/ Naypyitaw / April 27, 2026
နေပြည်တော် ဧပြီ ၂၆
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်း ဖော်ထုတ်ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် တောင်ငူမြို့ မြို့လေးခံတပ်နှင့် ယိုးဒယားပေါက် ဖော်ထုတ်ထိန်းသိမ်းထားရှိမှု၊ ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုးရှိ ရန်အောင်မြင်တံခါးမှ အနောက်မြောက်ထောင့်နေရာ၊ တောင်ငူခေတ် မြို့ပြယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော မြို့ရိုး၊ တံခါး ပြအိုး၊ ရေကျုံးနှင့် နွံကျုံးဖော်ထုတ် ထိန်းသိမ်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နန်းတော်ရာ၊ ပုတ်တလုတ်ကန်နေရာတို့ကို ကြည့်ရှုပြီး သုတေသနပြုတူးဖော်ရာမှတွေ့ရှိထားသော အုတ်စီအုတ်ရိုးများ၊ အုတ်ကြမ်းခင်းများ၊ အုတ်ကြွပ်မိုးနှင့် သံမယ်နများကို စနစ်တကျ ထိန်းသိမ်းသွားရန် မှာကြားသည်။
ယင်းနောက် ကေတုမတီမြို့ဟောင်း အနောက်ဘက်မြို့ရိုးရှိ စင်တံခါးနှင့် သစ်ရင်းတံခါး ဖော်ထုတ်ထိန်းသိမ်းထားရှိမှု၊ ရေပို့ကုန်းရွာရှိ အုတ်ကျောင်း၊ ကြာနီကန်ကျောင်းတိုက်အတွင်းရှိ ပရက္ကမသိမ် ထိန်းသိမ်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဒုတိယဝန်ကြီးက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေခွဲဝေချထားပေးမှုဖြင့် ဖော်ထုတ်ဆောင်ရွက်ခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များ ဆက်လက်ဖော်ထုတ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်၊ အမှိုက်ကင်းစင်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်သွားရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ဟံသာဝတီမြို့ဟောင်း အနောက်ဘက်မြို့ရိုးရှိ သိန္နီတံခါးဝဲယာ မြို့ရိုးနှင့်ကျုံး ဖော်ထုတ်ထိန်းသိမ်းထားရှိမှု၊ အရှေ့ဘက်မြို့ရိုးရှိ အင်းဝတံခါးပေါက်၏ ဝဲဘက်ယာဘက်တစ်လျှောက်ရှိ မြို့ရိုးနှင့်ကျုံးဖော်ထုတ်ထိန်းသိမ်းထားရှိမှု၊ ယင်းနေရာများရှိ မြို့ရိုးနှင့် ရေကျုံးကြားနေရာများတွင် ပြည်သူများ အနားယူအပန်းဖြေနိုင်ရန်၊ ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူများတွေ့မြင်သိရှိပြီး ဂုဏ်ယူမြတ်နိုးတန်ဖိုးထားနိုင်စေရေးအတွက် ဖော်ထုတ်ထိန်းသိမ်းထားသော ဟံသာဝတီခေတ်၊ တောင်ငူခေတ် ယဉ်ကျေးမှုအမွေအနှစ်များနှင့် အပန်းဖြေနေရာများ၊ မြောက်ဘက်မြို့ရိုးရှိ ယိုးဒယားတံခါးပေါက်၊ တောင်ဘက်မြို့ရိုးရှိ ဇင်းမယ်တံခါးပေါက်နှင့် မိုးကောင်းတံခါးပေါက်များ ဖော်ထုတ်ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပဲခူး ဟံသာဝတီမြို့ဟောင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းရေးကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေခွဲဝေချထားပေးမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်ခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ အမှိုက်ကင်းစင်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်သွားရန်နှင့် ယဉ်ကျေးမှုအခြေပြု ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားသည်။
ပဲခူးမြို့တွင် ဘုရင်မကြီး ရှင်စောပု၊ ဓမ္မစေတီမင်းကြီးနန်းစိုက်ခဲ့ရာ ဟံသာဝတီနန်းမြို့တော်နှင့် ဘုရင့်နောင်မင်းတရားကြီး (ခရစ်နှစ် ၁၅၅၁-၁၅၈၁) က ၁၅၅၃ ခုနှစ်တွင် အသစ်တစ်ဖန် ပြန်လည်တည်ထောင်ခဲ့သည့် ကမ္ဘောဇသာဒီနန်းမြို့တော်တို့ တည်ရှိပြီး ဘုရင့်နောင်မင်းတရားကြီး လက်ထက်တွင် အင်အားကြီးသည့် တောင်ငူအင်ပါယာ(ခေါ်)လက်နက် နိုင်ငံတော်ကို စည်းရုံးထူထောင်နိုင်ခဲ့ကာ ကမ္ဘောဇသာဒီသည် ဒုတိယမြန်မာနိုင်ငံတော်၏ အရေးပါသည့် အုပ်ချုပ်မှုဗဟိုမြို့တော် သမိုင်းဝင်နေရာဖြစ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
Posted on Apr 27, 2026ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
Posted on Apr 27, 2026ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်
Posted on Apr 24, 2026ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်း ထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကိုရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။
