သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Ministry of Information/ Naypyitaw / June 24, 2025

နေပြည်တော် ဇွန် ၂၃
နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြန်မာသံတမန်သင်တန်းကျောင်း (Myanmar Diplomatic Academy) နှင့် Naypyitaw State Academy တို့ ပူးပေါင်းဖွင့်လှစ်သည့် သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy) (၁/၂၀၂၅)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ရန်ကုန်ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော် တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားသည်။
သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ကို သင်တန်းကာလ လေးလကြာမြင့်သော ပညာသင်နှစ်ဝက် နှစ်ခု စုစုပေါင်းသင်တန်း ကာလရှစ်လဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သံတမန်ရေးရာများ၊ နိုင်ငံတကာဆက်ဆံရေးများ၊ နိုင်ငံခြားရေးမူဝါဒများ၊ နိုင်ငံတကာအဖွဲ့အစည်းဆိုင်ရာများ၊ အပြည်ပြည်ဆိုင်ရာဥပဒေများနှင့်၊ မျက်မှောက်ခေတ် နိုင်ငံတကာရေးရာ ဘာသာရပ်များကို ပို့ချသွားမည်ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားသို့ အငြိမ်းစားဒုတိယဝန်ကြီးများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ Naypyitaw State Academy ပါမောက္ခချုပ်နှင့် တက္ကသိုလ်များမှ ပါမောက္ခ ဆရာကြီး ဆရာမကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သံတမန်ရေးရာ ဘွဲ့လွန် ဒီပလိုမာသင်တန်းသို့ အစိုးရအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ ပုဂ္ဂလိကကဏ္ဍမှ စိတ်ပါဝင်စားသူများ၊ သင်တန်းသား သင်တန်းသူများ စုစုပေါင်း ၅၁ ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလအတွင်း ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများပို့ချခြင်း၊ ဆန်းစစ်ဆွေးနွေးခြင်း၊ လက်တွေ့လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းများအပါအဝင် အဖွဲ့လိုက်စာတမ်းရေးသားတင်ပြခြင်းတို့ဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၅ (တက္ကသိုလ်အဆင့်) ကို Online မှတစ်ဆင့် ကျင်းပသွားမည်
Posted on Jun 25, 2025ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၅ (တက္ကသိုလ်အဆင့်) ကို Online မှတစ်ဆင့် ကျင်းပသွားမည်
Myanmar National Human Rights Commission Statement No. (7/2025)
Posted on Jun 24, 2025မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၇/ ၂၀၂၅)
Posted on Jun 24, 2025