ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ


Ministry of Information/ Naypyitaw / April 18, 2024
image_latest


နေပြည်တော် ဧပြီ ၁၇

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဝန်ကြီးဌာနကျောက်စိမ်းခန်းမ၍ကျင်းပရာ နံတော်စဉ်ပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တကုသလအမှူးပြုသော သံဃာတော်ကိုးပါး ကြွရောက်ချီးမြှင့်တော်မူကြပြီးဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ခင်ပွန်း၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ရွတ်ဖတ်ပူဇော်

အခမ်းအနားတွင် သံဃာတော်အရှင်သူမြတ်များနှင့် ကြွရောက်လာသည့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နံတော်စဉ်ပရိယတ္တိ စာသင်တိုက် ဆရာတော်ဘဒ္ဒန္တကုသလထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်ဘဒ္ဒန္တကုသလအမှူးပြုသော သံဃာတော်အရှင်မြတ်တို့က အန္တရာယ်ကင်းပရိတ်တရားတော်နှင့် ကမ္မဝါတရားတော်တို့ကို ရွတ်ဖတ်ပူဇော်ကြပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်တို့က ဆရာတော်၊ သံဃာတော်အရှင်မြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား အချိုရည်များဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၂၁ ရက်၊ စနေနေ့။


Posted on Sep 21, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ သောကြာနေ့။


Posted on Sep 20, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Sep 19, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 18, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်နေ့၊ စက်တင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Sep 17, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။


Posted on Sep 16, 2024