ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Ministry of Hotel & Tourism/ နေပြည်တော် / June 09, 2025

နေပြည်တော် ဇွန် ၆
နေပြည်တော်အတွင်းရှိ ဟိုတယ်ဇုန်ဧရိယာများအတွင်း စိမ်းလန်းစိုပြည်စေရေး၊ အရိပ် အာဝါသကောင်းမွန်စေရေး၊ သစ်တောပြုန်းတီးမှုကို ကာကွယ်ထိန်းသိမ်းအထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၃) ပတ်ဝန်းကျင်၌ ကျင်းပသည်။
ဦးစွာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီနေထိုင်လျက်ရှိသော နေရာများ၌ ဝန်ထမ်း များနှင့် မိသားစုဝင်များ၊ ဟိုတယ်များမှ တာဝန်ရှိသူများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည် ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးအမှတ် (၃၃) အနီးပတ်ဝန်းကျင်ရှိ ဝန်ထမ်းများ ယာယီနေထိုင်လျက်ရှိသော ဘာရှာတဲများအနီးသတ်မှတ်နေရာ၌ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်းပင်၊ မဟော်ဂနီပင်၊ ပျဉ်းကတိုးပင်နှင့် ယမနေပင်၊ ဆီသပြေပင်၊ စစ်ပင်၊ စိန်ပန်းပင်နှင့် ခရေပင်များကို တစ်ပြိုင်တည်း စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Source From: Kyemon
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၀/၂၀၂၅)
Posted on Jun 12, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၀/၂၀၂၅)
ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း(၁၇)ခုမှရွေးချယ်ခံရသူများ သတင်းပို့ရမည့်လိပ်စာနှင့် ဖုန်းနံပါတ်ကြေညာခြင်း
Posted on Jun 12, 2025ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း(၁၇)ခုမှရွေးချယ်ခံရသူများ သတင်းပို့ရမည့်လိပ်စာနှင့် ဖုန်းနံပါတ်ကြေညာခြင်း
အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ်(၁၅)သင်တန်းဝင်ညွှန်ကြားလွှာ
Posted on Jun 12, 2025အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ်(၁၅)သင်တန်းဝင်ညွှန်ကြားလွှာ