ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယအကြိမ် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယအကြိမ် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ
Ministry of Hotel & Tourism/ နေပြည်တော် / July 28, 2025
နေပြည်တော် ဇူလိုင် ၂၅
ငါးမျိုးများ ပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ ငါးသယံဇာတများ ရေရှည်တည်တံ့ပြန့်ပွားစေ ရေးနှင့် ငါးစားသုံးမှုဖူလုံစေရေးတို့ကို ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနရုံး အဆောက်အဦအနီးရှိ လျှိုပိတ်ဆည်တွင် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။
ငါးမျိုးများစိုက်ထည့်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ငါးသားပေါက်များကို ဝန်ကြီးဌာနရှိ လျှိုပိတ်ဆည်အတွင်း စိုက်ထည့်ပေးပြီး အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများက အဆိုပါ ဆည်အတွင်းသို့ ငါးမျိုးများကို စိုက်ထည့်ပေးကြသည်။
ယနေ့ကျင်းပသည့် ဝန်ကြီးဌာန၏ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားတွင် ငါးခုံးမ၊ ငါးမြစ် ခြင်း သားပေါက်ကောင်ရေ ၁ဝဝဝဝ ကို စိုက်ထည့်ခဲ့ကြပြီး ပထမအကြိမ်တွင် ငါးသားပေါက် ကောင်ရေ ၁၀၀၀ ကို စိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Source From: Kyemon
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Aug 2, 2025နေပြည်တော် (တပ်ကုန်း) တွင် RCC (၈) ခန်းတွဲ (၃)ထပ် အမှုထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Aug 2, 2025မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -
Myanmar National Human Rights Commission Statement No. (9/ 2025)
Posted on Aug 2, 2025