ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းသား/ သမီး ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းသား/ သမီး ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ


Ministry of Hotel & Tourism/ နေပြည်တော် / July 29, 2025


နေပြည်တော် ဇူလိုင် ၂၈

ဝန်ထမ်းမိသားစု ကျောင်းသား ကျောင်းသူများ တန်းစဉ်မပြတ် ပညာသင်ကြားလိုစိတ်ရှိရေး၊ ပညာရေးကဏ္ဍကို အလေးထားတတ်လာစေရေး၊ ပညာကို ကြိုးစားသင်ယူလိုစိတ်ရှိရေးနှင့် ထူးချွန်ထက်မြက်သူများ ဖြစ်စေရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းသား/ သမီး ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိ သူများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းသား/ သမီး ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ယခုနှစ် ဝန်ထမ်းသား/ သမီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားကြရာတွင် အထောက်အပံ့ဖြစ်စေရေးအတွက် အခြေခံ ပညာကျောင်း တက်ရောက်သူများကို ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းများ ပြုလုပ်ပေးခဲ့ပါကြောင်း၊ ဝန်ထမ်းများနှင့် ဝန်ထမ်းသား/သမီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးကဏ္ဍကို အလေးအနက်ထားတတ်စေရန် ယနေ့အခမ်းအနားကို ကျင်းပ ပြုလုပ်ပေးရခြင်း ဖြစ်ပါကြောင်း၊ ဝန်ထမ်းသား/ သမီး ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် တန်းစဉ်အလိုက် တစ်နှစ်တစ်တန်း အောင်မြင်အောင် ကြိုးစားသင်ယူကြရန်နှင့် မိဘများအနေဖြင့်လည်း အားပေး ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ဝန်ထမ်းသား/ သမီး ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From: MyanmarAlin

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Posted on Aug 01, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Jul 31, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 30, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Posted on Jul 29, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Posted on Jul 27, 2025
AnnouncementsExplore more >

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Aug 2, 2025

နေပြည်တော် (တပ်ကုန်း) တွင် RCC (၈) ခန်းတွဲ (၃)ထပ် အမှုထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Aug 2, 2025

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -