ဟိုတယ်ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲအခမ်းအနား၊ ပြင်ဦးလွင်မြိုတွင်ကျင်းပ
ဟိုတယ်ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲအခမ်းအနား၊ ပြင်ဦးလွင်မြိုတွင်ကျင်းပ
Ministry of Hotel & Tourism/ နေပြည်တော် / December 04, 2025
နေပြည်တော်၊ ဒီဇင်ဘာလ(၂)ရက်
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍအတွင်းရှိ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားပြီး ခရီးသွားလုပ်ငန်းကဏ္ဍရေရှည်ဖွံဖြိုးတိုးတက်စေရေးနှင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ၌ ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်လာစေရေး၊ အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြိုရှိ ဟိုတယ်များမှ မန်နေဂျာ၊ ကြီးကြပ်ရေးမှူးအဆင့်ရှိ ဝန်ထမ်းများအတွက် ခေါင်းဆောင်မှုနှင့် ဝန်ဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၂)ရက်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို၊ ဟိုတယ် ရွှေနန်းထိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ခရိုင်မြိုနယ် ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲများမှ တာဝန်ရှိသူ များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သင်တန်းနည်းပြဆရာ၊ သင်တန်းသား/သင်တန်းသူများနှင့် ဖိတ်ကြား ထားသော ဧည့်သည်များ စုစုပေါင်း (၉၀)ကျော် တက်ရောက်ခဲ့ကြပါသည်။
ဟိုတယ်ဝန်ဆောင်မှုသင်တန်းဖြစ်သော Supervisory Skill Trainingကို ဟိုတယ် များမှ မန်နေဂျာ၊ ကြီးကြပ်ရေးမှူး၊ သင်တန်းသား/သင်တန်းသူ (၃၅)ဦး တက်ရောက်ခဲ့ပြီး တစ်ရက် လျှင် (၃)နာရီဖြင့် (၅)ရက်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည်။
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ဥပဒေပညာဌာန စီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေ အသိအမှတ်ပြုလက်မှတ်သင်တန်း (CBL Batch-II) သင်တန်းသားအမည်စာရင်း ကြေညာခြင်း
Posted on Dec 4, 2025Myanmar National Human Rights Commission Statement (16/ 2025)
Posted on Dec 3, 2025မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၆/၂၀၂၅)
Posted on Dec 2, 2025
