အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း ဘီးလင်းမြို့နယ် သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသဖြင့် ကျောက်ရထား လမ်းချော်ကျမှုဖြစ်ပွား၊ ရထားလမ်းပိုင်းအား ယာယီပိတ်ထားရ

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း ဘီးလင်းမြို့နယ် သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသဖြင့် ကျောက်ရထား လမ်းချော်ကျမှုဖြစ်ပွား၊ ရထားလမ်းပိုင်းအား ယာယီပိတ်ထားရ


Ministry of Information/ Naypyitaw / November 08, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၇

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ပြည်သူလူထုဘဝ အေးချမ်းသာယာ၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုတို့ကို မလိုလားသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထု၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု အခက်အခဲများဖြစ်ပေါ်စေရန် ရည်ရွယ်၍ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများကို ဆင်ခြင်တုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိကြရာ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူများသည် သဲဖြူကုန်းမှ သီလဝါသို့ပြေးဆွဲသည့် အမှတ် (၆၈၆) အစုန် ကျောက်ရထားအား ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအတွင်း သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား၌ မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ် သိမ်ဆိပ်ဘူတာမှ နိုဝင်ဘာ ၆ ရက် နံနက် ၈ နာရီ ၁၂ မိနစ်တွင် ထွက်ခွာလာခဲ့သော သဲဖြူကုန်းမှ သီလဝါသို့ ပြေးဆွဲသည့် အမှတ်(၆၈၆)အစုန် ကျောက်ရထားသည် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအတွင်း သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား၊ မိုင်တိုင်အမှတ် ၁၂၅/ ၁၉-၁၈ သို့ ရောက်ရှိစဉ် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက မိုင်းထောင်ဖောက်ခွဲခဲ့ရာ စက်ခေါင်းရှေ့ မိုင်းကာတွဲအပါအဝင် စက်ခေါင်းနှင့် စက်ခေါင်းနောက်ကပ်လျက်တွဲ (၃) တွဲ လမ်းချော်ကျမှု ဖြစ်ပွားခဲ့သဖြင့် သိမ်ဆိပ်နှင့် ဒုံဝန်းအကြား ရထားလမ်းပိုင်းအား ယာယီပိတ်ထားခဲ့ရကြောင်း သိရှိရသည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နယ်မြေဒေသတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လမ်းပိုင်းအား အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာ့မီးရထားဝန်ထမ်းများက လမ်းချော်ကျသော တွဲဆိုင်းများအား ရှင်းလင်းဖယ်ရှားခြင်း၊ ပြတ်တောက်သွားသော သံလမ်းအား ဖြတ်တောက်လဲလှယ်၍ အစားထိုးတပ်ဆင်ခြင်းနှင့် လမ်းပြုပြင်ခြင်းများကို အမြန်ဆုံးပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မှ ရန်ကုန်သို့ စတင်ထွက်ခွာမည့် အမှတ် (၈၂) အစုန် လူစီးအမြန်ရထားသည် မော်လမြိုင်ဘူတာမှမထွက်ခွာမီ ဖျက်သိမ်းခဲ့ရပြီး ရန်ကုန်မှ မော်လမြိုင်သို့ ယနေ့နံနက် ၈ နာရီတွင် စတင်ထွက်ခွာခဲ့သည့် အမှတ်(၈၁)အဆန် လူစီးအမြန်ရထားသည် ဝေါဘူတာသို့ နံနက် ၉ နာရီ ၂၃ မိနစ်တွင် ရောက်ရှိချိန်၌ ခရီးစဉ်အား ရန်ကုန်သို့ နံနက် ၁၀ နာရီခွဲအချိန်တွင် ပြန်လည်ထွက်ခွာခဲ့ရကြောင်း၊ ထို့အတူ ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် အမှတ် (၃၃၃) အစုန် ကျောက်ရထားသည် နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီ မိနစ် ၃၀ နှင့် အမှတ်(၆၈၈)အစုန် ကျောက်ရထားသည် ယနေ့ နံနက် ၈ နာရီ ၅ မိနစ် တွင် သထုံဘူတာ၌လည်းကောင်း၊ အမှတ်(၆၈၃)အဆန် တွဲလွတ်ရထား သည် ယနေ့နံနက် ၈ နာရီ ၅၅ မိနစ်တွင် မရမ်းကုန်းဘူတာ၌လည်း ကောင်း၊ အမှတ်(၂၇၁)အဆန် တွဲလွတ်ရထားသည် ယနေ့နံနက် ၉ နာရီ မိနစ် ၂၀ တွင် ကျိုက်ထိုဘူတာ၌လည်းကောင်း အသီးသီးရောက်ရှိ ရပ်နားထားကြောင်း သိရှိရသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း (၈၃) ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း (၁၇၈) ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၆) ကြိမ် ကျူးလွန်ခဲ့ကြပြီး နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်းစွာနှင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက် ရည်ရွယ်၍ ယခုကဲ့သို့ အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အအုံများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးနှင့် ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက် အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။