အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ညောင်ဦးမြို့နယ်၊ ပုဂံ-ကျောက်ပန်းတောင်းရထားလမ်းပိုင်းအတွင်း စုတည်-တောင်ဇင်းဘူတာအကြား တံတားအမှတ် ၁၅၇ အနီး ရထားသံလမ်းပျက်စီးမှုဖြစ်ပွား

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ညောင်ဦးမြို့နယ်၊ ပုဂံ-ကျောက်ပန်းတောင်းရထားလမ်းပိုင်းအတွင်း စုတည်-တောင်ဇင်းဘူတာအကြား တံတားအမှတ် ၁၅၇ အနီး ရထားသံလမ်းပျက်စီးမှုဖြစ်ပွား


Ministry of Information/ Naypyitaw / December 02, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ကျောက်ပန်းတောင်းလမ်းပိုင်းအတွင်း စုတည်ဘူတာနှင့် တောင်ဇင်းဘူတာအကြား သံလမ်းပြေးယာဉ် RGC 103 ဖြင့် ရထားလမ်းပိုင်းအား ယနေ့နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် သွားရောက်စစ်ဆေးစဉ် မိုင်တိုင် ၃၈၁/၁၅-၁၆ ကြား ပေ ၂၀ အရှည်ရှိ သံဘောင်တံတားအမှတ် ၁၅၇ အနီးတွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ရထားသံလမ်းအရှေ့ဘက်ခြမ်း သံလမ်းဖိနပ် ၁ ပေခန့် ပဲ့ထွက်ပျက်စီးခြင်းနှင့် ဇလီဖား(၃)တုံး ကျိုးပဲ့နေကြောင်းတွေ့ရှိရသဖြင့် စုတည်-တောင်ဇင်း ရထားလမ်းပိုင်းအား နံနက် ၁၀ နာရီ ၁၆ မိနစ်ခန့်တွင် ယာယီပိတ်ထားခဲ့ကြောင်း သိရှိရသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားရာ ရထားလမ်းနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် နယ်မြေရှင်းလင်း စစ်ဆေးဆောင်ရွက်ခဲ့ပြီး မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့် လမ်းပိုင်းအားအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သံလမ်းအား ဖြတ်တောက်လဲလှယ်၍ အစားထိုးတပ်ဆင်ခြင်း၊ လမ်းပြုပြင်ခြင်းများကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၅၁ မိနစ်ခန့်တွင် လမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်သည်။ မိုင်းပေါက်ကွဲမှုကြောင့် ရထားကြန့်ကြာမှုမရှိပါကြောင်းနှင့် လမ်းပိုင်းအတွင်း အပတ်စဉ်ပြေးဆွဲလျက်ရှိသည့် ရန်ကုန်-ပုဂံ အမှတ်(၆၁)အဆန် လူစီးရထားနှင့် အမှတ်(၆၂)အစုန် ပုဂံ-ရန်ကုန် လူစီးရထားများ ပုံမှန်အတိုင်းပြေးဆွဲလျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း(၈၃)ကြိမ်၊ ရထားတံတား/ သံလမ်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း(၁၇၉)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၆)ကြိမ်ကျူးလွန်ခဲ့ကြပြီး နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာသွားလာနိုင်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုအဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့်အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးနှင့် ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက်အလေးထား စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။