အကြမ်းဖက်အဖျက်လုပ်ရပ်များစွန့်လွှတ် နိုင်ငံတည်ဆောက်ရာတွင် အကျိုးပြုပါဝင်

အကြမ်းဖက်အဖျက်လုပ်ရပ်များစွန့်လွှတ် နိုင်ငံတည်ဆောက်ရာတွင် အကျိုးပြုပါဝင်


Ministry of Information/ Naypyitaw / July 30, 2025
image_latest


အငြင်းပွားမှုအချို့ရှိနေသည့်တိုင် ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲလိုက်ကြခြင်းက ဒေသအတွင်း မြင့်တက်လာသည့် တင်းမာမှုများအပေါ် စိုးရိမ်ပူပန်မှုများကို လျော့ကျသွားစေသည်။ ရက်အနည်းငယ်မျှသာဖြစ်ခဲ့သည့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများတွင်ပင် အသေအပျောက်၊ အပျက်အစီးများ နှစ်နိုင်ငံလုံး၌ရှိခဲ့ရာ အကယ်၍သာ တစ်ဖက်ဖက်က သဘောထားတင်းမာစွာဖြင့် ပဋိပက္ခကို ရှည်ကြာစေခဲ့မည်ဆိုလျှင် ဤစစ်ပွဲသည် ရှုံးသူလည်းရှုံး၊ နိုင်သူလည်းရှုံးသည့်နိဂုံးသို့ ဆိုက်ရောက်သွားကြမည်ဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှုများကို နှစ်ဖက်စလုံးက စောစောစီးစီး အဆုံးသတ်လိုက်ကြခြင်းဖြင့် နောက်ထပ်ဖြစ်ပေါ်လာမည့် ကြီးမားသည့်ဆုံးရှုံးမှုများကို ရပ်တန့်ထားနိုင်ခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။

တစ်ဆက်တည်းအားဖြင့်ဆိုရလျှင် မိမိတို့ပြည်တွင်းအရေး၌ နိုင်ငံတော်အစိုးရနှင့်တပ်မတော်တို့က ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်လက်ကမ်းပေးထားသော်လည်း ငြိမ်းချမ်းရေးကိုတန်ဖိုးထားခြင်း၊ စိတ်ဝင်စားခြင်းကင်းမဲ့သော စစ်သွေးကြွ EAO များနှင့် အခြားလက်နက်ကိုင်များကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်နေပြီး နိုင်ငံ၏အရင်းအမြစ်များ ဆုံးရှုံးနေရသည်။ စစ်သွေးကြွလက်နက်ကိုင်အဖွဲ့များ တိုက်ပွဲဖော်ဆောင်သည့် မြို့ရွာများမှ လူနေအိမ်ခြေတိုက်တာများ၊ ရုံးဌာန၊ ဆေးရုံဆေးခန်း၊ စာသင်ကျောင်းများ၊ သာသနိကအဆောက်အအုံများ၊ လမ်းတံတားဆက်သွယ်ရေး အခြေခံအဆောက်အအုံများ၊ အများပြည်သူဆိုင်ရာ အဆောက်အအုံများပျက်စီးရခြင်း၊ ဒေသတွင်းအခြေခံစီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များပျက်စီးရခြင်း၊ ဒေသခံပြည်သူများ ထိခိုက်သေကျေဒဏ်ရာရမှုများဖြစ်ပေါ်ခြင်းတို့မှာ ငွေကြေးတန်ဖိုးပမာဏအားဖြင့် တွက်ချက်မည်ဆိုပါက ငွေကျပ်ဘီလီယံများစွာ နိုင်ငံအနေဖြင့် ဆုံးရှုံးနစ်နာနေပြီဖြစ်သည်။

ယခုအခါ နိုင်ငံတော်အစိုးရသည် ယခုနှစ်ကုန်ပိုင်းတွင် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဖြစ်မနေကျင်းပသွားရန် သန္နိဋ္ဌာန်နှင့်အညီ ပြည်တွင်း၌ တည်ငြိမ်အေးချမ်းမှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ကြိုးပမ်းရာတွင် ပြည်တွင်းဒေသအသီးသီးတို့၏ တည်ငြိမ်အေးချမ်းမှုတို့ကို ဖျက်ဆီးနေပြီး နိုင်ငံပြိုကွဲပျက်စီးစေနိုင်သည်အထိ အန္တရာယ်ကြီးသည့် အကြမ်းဖက်လက်နက်ကိုင် ဆူပူသောင်းကျန်းမှုများကို တိုက်ခိုက်ချေမှုန်းလျက်ရှိသည်။ လက်နက်ကိုင်သောင်းကျန်းသူများမှာ ၎င်းတို့ယာယီအားဖြင့် ထိန်းချုပ်နိုင်ခဲ့ကြသည့် မြို့ရွာဒေသများတွင် ၎င်းတို့၏ ဇာတိရုပ်အစစ်အမှန်နှင့် အကျင့်စရိုက်အစစ်အမှန်များ ပေါ်ထွက်လာခဲ့ကြရာ ဒေသခံတိုင်းရင်းသားပြည်သူများမှာ ၎င်းတို့ အပေါ်မလိုလားမှု၊ ဆန့်ကျင်မှု၊ နာကြည်းမုန်းတီးမှုတို့ဖြစ်ပေါ်ခဲ့ကြပြီး တပ်မတော်ကိုလိုလားမှု၊ အားကိုးမှု၊ ပိုမို၍ ပူးပေါင်းဆောင်ရွက်မှုတို့ ပြုလုပ်လာကြကာ ပိုမို၍လည်း ထောက်ခံအားပေးလာကြသည်။ EAO များနှင့် ၎င်းတို့၏ အပေါင်းအပါလက်နက်ကိုင်အဖွဲ့များ ယာယီအားဖြင့်ထိန်းချုပ်ထားသည့် မြို့ရွာဒေသများကို ပြီးခဲ့သည့်ရက်သတ္တပတ် အနည်းငယ်အတွင်း တပ်မတော်က ပြန်လည်တိုက်ခိုက်ထိန်းချုပ်လာခဲ့ရာ အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများအချင်းချင်း စိတ်ဝမ်းကွဲခြင်း၊ မယုံသင်္ကာမှုများ အပြန်အလှန်ဖြစ်ပေါ်ခြင်း၊ အောက်ခြေလက်နက်ကိုင်အဖွဲ့ဝင်များအတွင်း စိတ်ဓာတ်ကျဆင်းခြင်းတို့ ဖြစ်ပေါ်လာကြသည်ကို ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့မြင်ကြရသည်။ နဂိုကတည်းက အကျပ်ကိုင်ဖိအားပေး အဓမ္မလူသစ်စုဆောင်းခံထားခဲ့ရသည့် အောက်ခြေလက်နက်ကိုင် အဖွဲ့ဝင်များမှာ ၎င်းတို့၏ လက်နက်ကိုင်လမ်းစဉ်အပေါ် ယုံကြည်မှုမရှိခြင်း၊ စိတ်ကုန်လာခြင်း၊ ၎င်းတို့အဖွဲ့များအတွင်း မတော်မတရားမှုများကို ရွံရှာစက်ဆုပ်ခြင်း စသည်တို့ကြောင့် ဥပဒေဘောင်အတွင်း တဖွဲဖွဲ ပြန်လည်ဝင်ရောက်လျက်ရှိသည်။

တော်လှန်ရေးဟု အမည်ခံထားသော လက်နက်ကိုင်အဖွဲ့အစည်း အမျိုးမျိုးတို့၏ နိုင်ငံတော်ဆန့်ကျင့်ရေး လက်နက်ကိုင်လမ်းစဉ်မှာ နိုင်ငံကိုလည်းကောင်း၊ လူမျိုးနှင့် ဒေသကိုလည်းကောင်း အကျိုးမပြု နိုင်သောဟောင်းနွမ်းနေပြီဖြစ်သည့် မမှန်ကန်သည့်လမ်းစဉ်ဖြစ်သည်။ အောက်လက်ငယ်သားတို့ကို အတွေးအခေါ်အမှားတို့ဖြင့် ဝါဒမှိုင်းတိုက် ဦးနှောက်ဆေးကြောကာ တိုက်ပွဲဝင်ခိုင်းပြီး ထိပ်ပိုင်းခေါင်းဆောင်တို့က ကြီးပွားချမ်းသာသည်ထက် ချမ်းသာအောင် အကျိုးစီးပွားရှာဖွေ ရယူနေကြသည်ကိုလည်း တွေ့နိုင်သည်။ သို့ဖြစ်ရာ အကြမ်းဖက်အဖျက်လုပ်ရပ်များကို စွန့်လွှတ်၍ မိမိတို့၏ ကာယ၊ ဉာဏ စွမ်းအားတို့ကို နိုင်ငံတည်ဆောက်ရေးတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင်ကြခြင်းဖြင့် နိုင်ငံအကျိုးပြုသူများအဖြစ် ခံယူနိုင်ကြပါစေကြောင်း။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 30, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Posted on Jul 29, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Posted on Jul 27, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 26, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။


Posted on Jul 26, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။


Posted on Jul 25, 2025
AnnouncementsExplore more >

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card- OWIC) ပေါ်တွင် လုံခြုံရေး Sticker အသုံးပြုသွားမည့်ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်

Posted on Jul 29, 2025

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံများသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါ ခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ

Posted on Jul 28, 2025

စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ

Posted on Jul 28, 2025

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ