အကြိမ်(၂၀)မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ မြန်မာအသင်း ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် ခြောက်ခု၊ ကြေးတံဆိပ်ကိုးခု ဆွတ်ခူး၊ နိုင်ငံအလိုက်အဆင့် ၁ ရရှိ

အကြိမ်(၂၀)မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ မြန်မာအသင်း ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် ခြောက်ခု၊ ကြေးတံဆိပ်ကိုးခု ဆွတ်ခူး၊ နိုင်ငံအလိုက်အဆင့် ၁ ရရှိ


Ministry of Information/ Naypyitaw / May 18, 2026
image_latest


ရန်ကုန် မေ ၁၇

အကြိမ် (၂၀)မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ ကျင်းပသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြိုင်ပွဲအမျိုးအစား(Event) ၁၂ မျိုးတို့တွင် ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ Men’s Body-building 75kg ပြိုင်ပွဲတွင် ပထမဆုကို မြန်မာအသင်းမှ မောင်မောင်မြင့်၊ ဒုတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမားနှင့် တတိယဆုကို မြန်မာအသင်းမှ စတီဗင်စိုးထွန်းတို့က လည်းကောင်း၊ Men’s Bodybuilding 80kg ပြိုင်ပွဲတွင် ပထမဆုကို မြန်မာအသင်းမှ ချမ်းမြေ့ထွန်း၊ ဒုတိယဆုနှင့်တတိယဆုကို ဖိလစ်ပိုင်နှင့် ဗီယက်နမ်အသင်းတို့မှ အားကစားသမားများကလည်းကောင်း၊ Men’s Bodybuilding Over 80kg ပြိုင်ပွဲတွင် ပထမနှင့်ဒုတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမားနှင့် တတိယဆုကို မြန်မာအသင်းမှ အောင်ခိုင်ဝင်းတို့ကလည်းကောင်း ရရှိကြသည်။

Men’s Athletlc Physique Up to 160 cm ပြိုင်ပွဲတွင် ပထမဆုကို မြန်မာ အသင်းမှ ဟိန်းထက်ဇော်၊ ဒုတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမားနှင့် တတိယဆုကို မြန်မာအသင်းမှ ရဲထက် နိုင်တို့ကလည်းကောင်း၊ Men’s Athletlc Physique Up to 167cm ပြိုင်ပွဲတွင် ပထမဆုကို မြန်မာအသင်းမှ ဝေလင်းကျော်၊ ဒုတိယဆုကို မလေးရှားအသင်းမှ အားကစားသမားနှင့် တတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမား တို့ကလည်းကောင်း၊ Men’s Athletic Physique Over 167 cm ပြိုင်ပွဲ တွင် ပထမဆုကို ထိုင်းအသင်းမှ အားကစားသမား၊ ဒုတိယဆုနှင့်တတိယဆုကို မလေးရှားအသင်းမှ အားကစားသမားတို့ကလည်းကောင်း၊ Women’s Athletic Physique Up to 160 cm ပြိုင်ပွဲတွင် ပထမဆုကို ဗီယက်နမ်အသင်းမှ အားကစားသမား၊ ဒုတိယဆုကို မြန်မာအသင်းမှ မိုးသက်ခိုင်နှင့် တတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမားတို့ကလည်းကောင်း၊ Women’s Athletic Physique Over 160cm ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမားနှင့် တတိယဆုကို မလေးရှားအသင်းမှ အားကစားသမားတို့ကလည်းကောင်း ရရှိကြသည်။

Women’s Model Physique Up to 160cm ပြိုင်ပွဲတွင် ပထမဆုကို မြန်မာအသင်းမှ မီမီကျော်နိုင်၊ ဒုတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမားနှင့် တတိယဆုကို ထိုင်းအသင်းမှ အားကစားသမားတို့ကလည်းကောင်း၊ Women’s Model Physique Up to 165cm ပြိုင်ပွဲတွင် ပထမဆုကို ထိုင်းအသင်းမှ အားကစားသမား၊ ဒုတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမားနှင့် တတိယဆုကို မြန်မာအသင်းမှ ထူးမြတ်ဝေတို့ကလည်းကောင်း၊ Women’s Model Physique Over 165cm ပြိုင်ပွဲတွင် ပထမဆုကို ဗီယက်နမ်အသင်းမှ အားကစားသမား၊ ဒုတိယဆုကို ထိုင်းအသင်းမှ အားကစားသမားနှင့် တတိယဆုကို မြန်မာအသင်းမှ ဝင်းသော်တာအောင်တို့ကလည်းကောင်း ရရှိကြသည်။

Mixed Paits ပြိုင်ပွဲတွင် ပထမဆုကို ဗီယက်နမ်အသင်း၊ ဒုတိယဆုကို ဗီယက်နမ်အသင်းနှင့် တတိယဆုကို မြန်မာအသင်းမှ ဝေလင်းကျော်နှင့် လဲ့ရည်ထွန်းတို့ကလည်းကောင်း ၊ Men’s Team Championship ပြိုင်ပွဲတွင် အမျိုးသားအသင်းလိုက် တံခွန်စိုက်ဆုကို ပထမမြန်မာနိုင်ငံ၊ ဒုတိယဗီယက်နမ်နိုင်ငံနှင့် တတိယထိုင်းနိုင်ငံတို့ကလည်းကောင်း၊ Women’s Team Championship ပြိုင်ပွဲအမျိုးသမီးအသင်းလိုက်တံခွန်စိုက်ဆုကို ပထမဗီယက်နမ်နိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံနှင့် တတိယထိုင်းနိုင်ငံကလည်းကောင်း၊ Overall Championship Mr. South East Asian 2026 ကာယဗလမောင်ဆုကို မြန်မာနိုင်ငံမှချမ်းမြေ့ထွန်းကလည်းကောင်း ဆွတ်ခူးရရှိခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများသို့ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ရှစ်နိုင်ငံမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ထို့နောက် ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများအား အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီ၊ ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ Datuk Paul Chua နှင့် အရှေ့ တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr. Phumvarin Chunhawongvarit ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်၊ ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်နှင့် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် Trophy တို့အား ပေးအပ်ချီးမြှင့်ကြသည်။

အကြိမ် (၂၀)မြောက် အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို ၂၀၂၆ ခုနှစ် မေ ၁၄ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ပြိုင်ပွဲများ အပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၁၀ ခု ၊ ငွေတံဆိပ်ခြောက်ခု၊ ကြေးတံဆိပ်ကိုးခု စုစုပေါင်း ဆုတံဆိပ် ၂၅ ခုတို့ကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့်(၁)ကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Posted on May 19, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Posted on May 17, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Posted on May 17, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Posted on May 16, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Posted on May 15, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Posted on May 14, 2026
AnnouncementsExplore more >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက်...

Posted on May 19, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား...

Posted on Feb 28, 2026

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း

Posted on May 18, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း