အကြိမ်(၆၀)မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ
အကြိမ်(၆၀)မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ
Ministry of Information/ Naypyitaw / November 18, 2025
နေပြည်တော် နိုဝင်ဘာ ၁၇
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် အကြိမ်(၆၀)မြောက် အာဆီယံပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့နံနက်ပိုင်းက နေပြည်တော် Jasmine Nay Pyi Taw Hotel ၌ Hybrid Mode ဖြင့် စတင်ကျင်းပသည်။
အကြိမ်(၆၀)မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက အစည်းအဝေးသို့ တက်ရောက်သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ အရာရှိကြီးများအား လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ယခုကဲ့သို့အရေးပါသည့် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့်အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့်အတွက် များစွာဂုဏ်ယူပါကြောင်း၊ ယခုအစည်းအဝေးများတွင် အာဆီယံအသိုက်အဝန်း ၂၀၄၅ နှင့် အာဆီယံ ပေါင်းစည်းဆက်သွယ်မှု ၂၀၃၀ နှင့်အညီ အာဆီယံသယ်ယူပို့ဆောင်ရေးလုပ်ငန်း စီမံကိန်း(၂၀၂၆-၂၀၃၀) ဖော်ဆောင်နိုင်ရေးကိုလည်း ကြိုဆိုပါကြောင်း၊ အာဆီယံဒေသတွင်း ရေရှည်တည်တံ့သော ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်တီထွင်ရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ဆွေးနွေးဖက်နိုင်ငံများ၏ စဉ်ဆက်မပြတ်ပံ့ပိုးမှုသည်များစွာ ထိရောက်မှုရှိပါကြောင်း၊ အာဆီယံမိသားစုများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် အာဆီယံအတွင်းရေးမှူးရုံး၏ စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှုနှင့် ခိုင်မာသောကတိကဝတ်များကို ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်ကြသည့် အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အစည်းအဝေးအစီအစဉ်များကို ဆက်လက် ဆောင်ရွက်သည်။
အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၀၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် နှစ်ကြိမ်ကျင်းပခဲ့ပြီး ယခုတတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်သည်။
ယခုကျင်းပသည့် အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ အဆင့်မြင့်အရာရှိ ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အီးယူစသော ဆွေးနွေးဖက်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက် ရောက်လျက်ရှိကြောင်း၊ အစည်းအဝေးများကို နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
