အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၁၀၉)သင်တန်းဆင်း

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၁၀၉)သင်တန်းဆင်း


Ministry of Information/ Naypyitaw / August 09, 2025
image_latest


ရန်ကုန် ဩဂုတ် ၈

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၉)၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ရတနာ သိင်္ဃခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ အဖွဲ့ဝင်ဦးစိုးတင့်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်း ဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်က ရရှိခဲ့သည့် အလေ့အကျင့်ကောင်းများကို မိမိတို့၏ တပည့်များ နှလုံးရည်၊ ပညာရည်ပြည့်ဝကာ ယဉ်ကျေးသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေး၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိစေရေး ငယ်စဉ်ကတည်းက အသိစိတ်ကိန်းအောင်းနေအောင် သွန်သင်ဆုံးမကြစေလိုကြောင်း၊ နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်နှင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာတတ်သည့် နိုင်ငံကြီးသား အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အသက်အရွယ်အလိုက် စဉ်းစားဉာဏ်ရင့်သန်စေရေး ပုံဖော်ပေးကြရန်နှင့် လူရည်ချွန်၊ လူရည်မွန်များဖြစ်အောင် အခြေခံပညာမှစ၍ လေ့ကျင့်ပေးကြရန် တိုက်တွန်းမှာကြားပြီး သင်တန်းထူးချွန်ဆု ရရှိသူများကို ဆုများချီးမြှင့်၍ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၀၉)သို့ သင်တန်းသား ၃၁ ဦး၊ သင်တန်းသူ ၃၆၀ စုစုပေါင်း ၃၉၁ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၇ ရက်မှ ဩဂုတ် ၈ ရက်အထိ ရက်သတ္တပတ်ငါးပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် တက္ကသိုလ်ရှိ စာသင်ဆောင်များ၊ သင်တန်းသား အိပ်ဆောင်နှင့် စားရိပ်သာများ၊ စာသင်ခန်းမများ အတွင်း ဘာသာရပ်ပို့ချမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သင်တန်းသား သင်တန်းသူများ နှင့်အတူ နေ့လယ်စာသုံးဆောင်သည်။

ထို့နောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများနှင့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံ၍ လာရောက်သင်တန်းတက်ကြသည့် ဝန်ထမ်းများအားလုံးကို လေ့ကျင့်ပေးရာတွင် နိုင်ငံတော်အတွက် အားကိုးအားထားဖြစ်စေသည့် ဝန်ထမ်းကောင်းများဖြစ်အောင် လေ့ကျင့်ပေးရန်လိုကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် ဂုဏ်ယူစွာဖြင့် စေတနာထားဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်းမှာကြားသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် ၊ သြဂုတ် ၉ ရက်၊ စနေနေ့။


Posted on Aug 09, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။


Posted on Aug 08, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။


Posted on Aug 07, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 06, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။


Posted on Aug 05, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။


Posted on Aug 04, 2025
AnnouncementsExplore more >

“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”

Posted on Aug 7, 2025

“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ

Posted on Aug 7, 2025

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း

Posted on Aug 7, 2025

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း