အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်
Ministry of Information/ Naypyitaw / March 04, 2026
နေပြည်တော် မတ် ၃
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက ယခုသင်တန်းကို လက်တွေ့လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်ရာ၌ ကော်မရှင်၏ လုပ်ငန်းတာဝန်များ၊ လုပ်ထုံးလုပ်နည်းများကို ကောင်းစွာသိရှိရန်၊ အရည်အသွေး၊ အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်၊ ရုံးလုပ်ငန်းကျွမ်းကျင်မှုရှိစေရန်နှင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်၏ မူဝါဒနှင့် အစီအမံများကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေကြသူများဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်ရာတွင် အဓိကအင်အားတစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ရိုးဖြောင့်မှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှုတို့ ဖွံ့ဖြိုးတိုးတက်စေခြင်းသည် နိုင်ငံတော်နှင့် ပြည်သူများအကြား ယုံကြည်မှုကို တိုးပွားစေကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူအပေါ်သစ္စာရှိသည့် ဝန်ထမ်းကောင်းများအဖြစ် ကျရာကဏ္ဍမှ အဂတိကင်းရှင်းစွာ တာဝန်ထမ်းဆောင်ခြင်းဖြင့် ကော်မရှင်၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
အဆိုပါအခြေခံလေ့ကျင့်ရေးသင်တန်းကို မတ် ၃ ရက်မှ ၂၆ ရက်အထိ ရက်သတ္တလေးပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
