အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး “ဝန်ထမ်းသက်သာအရောင်းဆိုင်” ဖွင့်လှစ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး “ဝန်ထမ်းသက်သာအရောင်းဆိုင်” ဖွင့်လှစ်


Ministry of Information/ Naypyitaw / November 19, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၈

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး “ဝန်ထမ်းသက်သာအရောင်းဆိုင်” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

တက်ရောက်

 အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကော်မရှင်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက ဝန်ထမ်းများ လုပ်ငန်းခွင်သာယာပျော်ရွှင်ပြီး ပေးအပ်သည့်တာဝန်များကို တက်ကြွစွာ ဆောင်ရွက်နိုင်စေရန်အတွက် တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေရန်ရည်ရွယ်၍ ဝန်ထမ်းသက်သာအရောင်းဆိုင် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းသက်သာ အရောင်းဆိုင်ကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ရုံးဝန်ထမ်းများအားလုံး အခြေခံစားသောက်ကုန်များကို စိတ်ချမ်းမြေ့ လွယ်ကူအဆင်ပြေစွာ ပြင်ပဈေးနှုန်းထက်သက်သာသောနှုန်းထားဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်ကြောင်း၊ အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို အမျိုးအစား စုံလင်စွာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာနမှ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်များနှင့် ရက်ကန်းထည်များကို အပ်ကုန်စနစ်ဖြင့် မှာယူ၍ ဝန်ထမ်းများ ဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိပါ ကြောင်း၊ အချိန်အတွယ် မှန်ကန်စွာ ရောင်းချပေးနိုင်ရေးနှင့် ရောင်းချပစ္စည်းများ ပြတ်လပ်မှု မရှိစေရေးတို့ကိုလည်း အထူးဂရုစိုက်ကြရန် လိုအပ်ကြောင်း မှာကြားသည်။

ဆက်လက်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက “ဝန်ထမ်းသက်သာအရောင်းဆိုင်” ကို ဝန်ထမ်းများအတွက် တစ်ဖက်တစ်လမ်းမှ သက်သာစေရန် ရည်ရွယ်၍ စီမံဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝင်ငွေ၊ ထွက်ငွေ မျှတစွာ သုံးစွဲကြရန် လိုအပ်ကြောင်း ပြောကြားသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။