အင်အားပြင်း မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ကျင်းပ
အင်အားပြင်း မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ကျင်းပ
Ministry of Information/ Naypyitaw / December 24, 2025
နေပြည်တော် ဒီဇင်ဘာ ၂၃
အင်အားပြင်း မန္တလေးငလျင်ကြီး ဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပရာ ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဝိုင်းဝန်းဆွေးနွေး
အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့မှ စိစစ်တင်ပြထားသော ချေးငွေများ၏ လိုအပ်ချက်များကို အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးရာတွင် ငလျင်ချေးငွေများကို သတ်မှတ် SOP နှင့်အညီ ကိုက်ညီစေရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့၏ သဘောထားမှတ်ချက်များအရ အာမခံအဖြစ် လက်ခံသင့်သော မြေအမျိုးအစားများကို ဆုံးဖြတ်ခဲ့ကြသည်။
ထို့ပြင် အထောက်အကူပြုလုပ်ငန်းအဖွဲ့ဝင်များက ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများက ဆောင်ရွက်ရန် လိုအပ်ချက်များကို သေချာ စိစစ်၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အတွင်း ချေးငွေထုတ်ချေးနိုင်ရေး ချေးငွေတစ်ခုချင်းအတွက် အများဆုံးထုတ်ချေးနိုင်သည့် ချေးငွေပမာဏကို ဆွေးနွေးကြပြီး ပိုမိုကောင်းမွန်သည့် ချေးငွေစိစစ်မှု မူဘောင်တစ်ရပ်ရရှိစေရန်အတွက် ဗဟိုကော်မတီအဖွဲ့ဝင်များအား မှာကြားကာ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတင်းရရှိသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
