အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များအား ညောင်ရွှေမြို့ရှိ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီစံကျောင်းတော်ကြီးသို့ ပင့်ဆောင် အပူဇော်ခံ၊ အင်းသားရိုးရာလှေပြိုင်ပွဲများ ပြုလုပ်

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များအား ညောင်ရွှေမြို့ရှိ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီစံကျောင်းတော်ကြီးသို့ ပင့်ဆောင် အပူဇော်ခံ၊ အင်းသားရိုးရာလှေပြိုင်ပွဲများ ပြုလုပ်


Ministry of Information/ Naypyitaw / September 28, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၂၈

ရုပ်ရှင်တော်မြတ်လေးဆူအား ညောင်ရွှေမြို့ရှိအင်းလေးဖောင်တော်ဦးမြတ်စွာဘုရား လင်းကင်းကျေးရွာမှ အဋ္ဌဒိသာ ဓမ္မဝိဟာရ ဒေသစာရီစံကျောင်းတော်ကြီးသို့ ပင့်ဆောင်အပူဇော်ခံပွဲနှင့် အင်းသားရိုးရာလှေပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများတက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးကြသည်။ထို့နောက် ဖောင်တော်ဆိုက်ပြဿဒ်သို့ အင်းလေးရိုးရာဆွဲလှေများဆွဲ၍ ကရဝိတ်ဖောင်ဖြင့် ပင့်ဆောင်ရောက်ရှိလာသည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များအား ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းများဆက်ကပ်လှူဒါန်းကြပြီး အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီစံကျောင်းတော်ကြီးသို့ ပင့်ဆောင်မည့် ဝေါယာဉ်ပေါ်သို့ အသီးသီးပင့်ဆောင်ပူဇော်ကြကာ ညောင်ရွှေမြို့အတွင်း လှည့်လည်ပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲများဖြစ်သည့် အမျိုးသား ၅၆ တက်၊ အမျိုးသမီး ၂၆ တက်၊ အမျိုးသား တစ်ဦးချင်းယှဉ်ပြိုင်လှော်ခတ်ပြိုင်ပွဲ၊ ကျောင်းသား ၂၆ တက်၊ အမျိုးသားရာကျော် လှော်ခတ်ပြိုင်ပွဲများ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကိုပြုလုပ်ရာ လှေယာဉ်ဂုဏ်ပြုဆု၊ ဆွမ်းပို့လှေဂုဏ်ပြုဆုနှင့် ပြိုင်ပွဲအမျိုးအစားအလိုက် ပထမဆု၊ ဒုတိယဆုနှင့် နှစ်သိမ့်ဆုရရှိသော အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်များ ခေတ္တကိန်းဝပ်စံပယ်တော်မူမည့် အဋ္ဌဒိသာ ဓမ္မဝိဟာရ ဒေသစာရီစံကျောင်းတော်ကြီးသို့ ရောက်ရှိပြီး ရုပ်ပွားတော်များအား ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး နှင့် ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များက အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားများ ညောင်ရွှေစံကျောင်းတော် ဝင်ပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်၍ ညောင်ရွှေမြို့၊ မိုးသောက်ကျေးရွာ၊ မိုးသောက်ပထမ စာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တသုမင်္ဂလာဘိဝံသထံမှ (၅)ပါးသီလ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားသရဇ္ဇယ်တော်မူကြသော ပရိတ်တရားတော်များကို နာယူကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်များသည် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမျှော်ကြည်ညိုနိုင်စေရန်အတွက် ညောင်ရွှေမြို့ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီစံကျောင်းတော်၌ သီတင်းကျွတ်လဆန်း ၇ ရက် (စက်တင်ဘာလ ၂၈ ရက်)မှ သီတင်းကျွတ်လဆန်း ၉ ရက် (စက်တင်ဘာလ ၃၀ ရက်)အထိ ၃ ရက်တိုင်တိုင် ကိန်းဝပ်ပူဇော်ခံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 30, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက် ၊ စက်တင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Posted on Sep 30, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက် ၊ စက်တင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Sep 29, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 28, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 28, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 28, 2025
AnnouncementsExplore more >

နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ထပ်မံခံစားခွင့်ပြုခြင်း

Posted on Sep 30, 2025

နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ထပ်မံခံစားခွင့်ပြုခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Sep 26, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Sep 24, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

HOT NEWS
January 4,