အစိုးရဓမ္မာစရိယစာမေးပွဲ အထူးအောင်ပုဂ္ဂိုလ်များစာရင်း ထုတ်ပြန်ကြေညာ
အစိုးရဓမ္မာစရိယစာမေးပွဲ အထူးအောင်ပုဂ္ဂိုလ်များစာရင်း ထုတ်ပြန်ကြေညာ
Ministry of Information/ Naypyitaw / July 07, 2025

နေပြည်တော် ဇူလိုင် ၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ ကျင်းပပြီးစီးခဲ့သော ၁၃၈၇ ခုနှစ် (၂၀၂၅ ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုကြရာ ကျမ်းရင်းသုံးကျမ်းအောင် (ကျမ်းပြီး) ၁၁၄၈ ပါး/ဦး၊ နှစ်ကျမ်းအောင် ၁၁၁၄ ပါး/ဦး၊ တစ်ကျမ်းအောင် ၁၂၉၆ ပါး/ဦး၊ ပါဠိဂုဏ်ထူးအောင်တစ်ပါး၊ မြန်မာဂုဏ်ထူးအောင် ၁၃ ပါး စုစုပေါင်း ၃၅၇၂ ပါး/ဦး အောင်မြင်ကြသည်။
စုစုပေါင်းဖြေဆိုသူ ၁၇၅၆၂ ပါး/ဦးအနက် အောင်မြင်သူ ၃၅၇၂ ပါး/ဦးဖြစ်၍ ၂၀ ဒသမ ၃၃ ရာခိုင်နှုန်း အောင်မြင်ကြသည်။
၁၃၈၇ ခုနှစ် (၂၀၂၅ ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲတွင် သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအနက် ဓမ္မာစရိယသုံးကျမ်းအောင် (ပထမ၊ ဒုတိယ၊ တတိယနှင့် သီလရှင် ပထမ) ရရှိခဲ့ကြသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်-
၁၃၈၇ ခုနှစ် (၂၀၂၅ ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲ အောင်စာရင်းအပြည့်အစုံကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ Website www.mahana.Org.mm၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန Website www.mora.gov.mm နှင့် သာသနာရေးဦးစီးဌာန Website www.dra.gov.mm တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်
ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
Posted on Jul 8, 2025ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
Posted on Jul 4, 2025ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း