အစိုးရဓမ္မာစရိယစာမေးပွဲ သတ္တမနေ့နှင့် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ ကျင်းပ
အစိုးရဓမ္မာစရိယစာမေးပွဲ သတ္တမနေ့နှင့် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ ကျင်းပ
Ministry of Information/ Naypyitaw / March 30, 2026
နေပြည်တော် မတ် ၂၉
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ် ကျင်းပသော ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ သတ္တမနေ့ကို ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ စာဖြေဌာန ၆၅ ဌာနတွင်လည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို စာဖြေဌာန ၂၀၄ ဌာနတွင်လည်းကောင်း ဖြေဆိုကြသည်။
ဖြေဆိုရာခိုင်နှုန်း
အစိုးရဓမ္မာစရိယစာမေးပွဲ သတ္တမနေ့ကို စာဖြေစာရင်းသွင်း ၁၆၁၇ ပါး/ဦး အနက် ၉၆၄ ပါး/ဦး ဖြေဆိုကြသဖြင့် ၅၉ ဒသမ ၆၂ ရာခိုင်နှုန်း ဖြေဆိုကြပြီး ပါဠိပထမပြန်စာမေးပွဲ (ပထမကြီး၊ ပထမ လတ်၊ ပထမငယ်၊ အခြေပြုမူလတန်း) ပထမနေ့ကို စာရင်းသွင်း ၆၁၇၀၃ ပါး/ဦးအနက် ၅၁၇၁၆ ပါး/ဦး ဖြေဆိုကြသဖြင့် ၈၃ ဒသမ ၈၁ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
သတင်းစဉ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
