အစိုးရပါဠိပထမပြန်စာမေးပွဲ အထူးအောင်ပုဂ္ဂိုလ်များစာရင်း ထုတ်ပြန်ကြေညာ
အစိုးရပါဠိပထမပြန်စာမေးပွဲ အထူးအောင်ပုဂ္ဂိုလ်များစာရင်း ထုတ်ပြန်ကြေညာ
Ministry of Information/ Naypyitaw / July 07, 2025

နေပြည်တော် ဇူလိုင် ၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ ကျင်းပပြီးစီးခဲ့သော ၁၃၈၇ ခုနှစ် (၂၀၂၅ ခုနှစ်) ပါဠိပထမပြန်စာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များဝင်ရောက်ဖြေဆိုကြရာ ပထမကြီးတန်းတွင် ဖြေဆိုသူ ၆၁၀၆ ပါး/ဦးအနက် ၉၂၆ ပါး/ဦး အောင်မြင်၍ ၁၅ ရာခိုင်နှုန်း၊ ပထမလတ်တန်းတွင်ဖြေဆိုသူ ၇၅၇၆ ပါး/ဦးအနက် ၁၄၆၅ ပါး/ဦး အောင်မြင်၍ ၁၉ ရာခိုင်နှုန်း၊ ပထမငယ်တန်းတွင်ဖြေဆိုသူ ၁၃၂၃၅ ပါး/ဦးအနက် ၃၈၂၀ ပါး/ဦး အောင်မြင်၍ ၂၉ ရာခိုင်နှုန်း၊ အခြေပြုမူလတန်းတွင်ဖြေဆိုသူ ၁၉၄၉၇ ပါး/ဦးအနက် ၈၁၃၇ ပါး/ဦး အောင်မြင်၍ ၄၂ ရာခိုင်နှုန်း အောင်မြင်ကြသည်။
၁၃၈၇ ခုနှစ် (၂၀၂၅ ခုနှစ်) ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော ပုဂ္ဂိုလ်များအနက် အတန်း အသီးသီး၌ ပထမ၊ ဒုတိယ၊ တတိယနှင့် သီလရှင်ပထမရရှိခဲ့ကြသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်-
၁၃၈၇ ခုနှစ် (၂၀၂၅ ခုနှစ်) ပါဠိပထမပြန်စာမေးပွဲအောင်စာရင်း အပြည့်အစုံကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ Website www.mahana.org.mm၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန Website www.mora.gov.mm နှင့် သာသနာရေးဦးစီးဌာန Website www. dra.gov.mm တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်
ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
Posted on Jul 8, 2025ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
Posted on Jul 4, 2025ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း