အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များဖြင့် စက်သုံးဆီရောင်းချပေးသွားမည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးထုတ်ပြန်ခြင်း

အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များဖြင့် စက်သုံးဆီရောင်းချပေးသွားမည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးထုတ်ပြန်ခြင်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 27, 2026
image_latest


စက်သုံးဆီဝယ်ယူရာတွင် စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပမာဏကိုသတ်မှတ်ပြီး ပိုမို၍ပြည့်စုံသည့်စနစ်ဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များတွင် ၂၇-၃-၂၀၂၆ ရက်နေ့မှစ၍ ရောင်းချသွားမည်ဖြစ်ပြီး ကျန်မြို့များတွင်လည်း ယခုစနစ်အား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စနစ်အားအသုံးပြုရာတွင် မော်တော်ယာဉ်၏ Wheel Tax တွင် အာမခံမှုအမှတ်အသား (Hologram) ပါရှိမှသာ အရောင်းဆိုင်ဝန်ထမ်းက Scan ဖတ်မည်ဖြစ်ပါသည်။

ယင်းအချိန်တွင် Gas ကားဖြစ်ပါက “Gas ဆိုင်တွင်သာ ဝယ်ယူရန်” စာသားပေါ်လာမည် ဖြစ်ပါသည်။

ဓာတ်ဆီ၊ ဒီဇယ်ဆီကားများဖြစ်ပါက မော်တော်ယာဉ်နံပါတ်၊ တစ်ပတ်အတွင်း ဝယ်ယူခွင့်ပမာဏ၊ ဝယ်ယူပြီးသည့်ပမာဏ၊ ဝယ်ယူရန်ကျန်ရှိသည့်ပမာဏ ပေါ်လာမည်ဖြစ်ပါသည်။

ဝယ်ယူမည့်ဆီအမျိုးအစားနှင့်ပမာဏကို ဖြည့်သွင်းပြီး ဝယ်ယူနိုင်မည်ဖြစ်ပြီး ရောင်းချသည့် ဆိုင်နံပါတ်၊ တည်နေရာ၊ ဆီပမာဏများ အလိုအလျောက် Server သို့ ဝင်ရောက်သွားပါမည်။

ဒုတိယအကြိမ်ထပ်မံဝယ်ယူသည့်အချိန်တွင် Quota ကုန်နေပါက ဝယ်ယူခွင့်မပြုကြောင်း ဖော်ပြပေးပါမည်။

သတ်မှတ်ပေးသည့် Quota ကို တစ်ပတ်အတွင်း အပြီးအပြတ်ဝယ်ယူရပါမည်။

ခရီးဝေးသွားရောက်မည့်ယာဉ်များအတွက် မူလဝယ်ယူထားသည့် စက်သုံးဆီငွေရှင်းပြေစာကိုပြသ၍ ရောက်ရှိရာ အခြားတိုင်းဒေသကြီး/ပြည်နယ်ရှိ အရောင်းဆိုင်များတွင် Scan ဖတ်၍ ထပ်မံဝယ်ယူနိုင်မည် ဖြစ်ပါသည်။

ခရီးဝေးပြေးဆွဲနေသည့် အထူးဘတ်စ်ကား၊ လူမှုကူညီရေးယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်၊ စည်ပင်အမှိုက်သိမ်းယာဉ်၊ ရေပုပ်စုပ်ယာဉ် စသည့်ယာဉ်များကို Quota များ သတ်မှတ်ခြင်းမရှိဘဲ အရောင်းဆိုင်များမှ လိုအပ်သည့်ပမာဏအတိုင်း စိစစ်ရောင်းချပေးသွားပါမည်။ Scan ဖတ်၍ မှတ်တမ်းတင်ထားပြီး Online Monitoring စနစ်ဖြင့် ကြပ်မတ်ထိန်းကျောင်းသွားပါမည်။

ကုန်တင်ယာဉ်ကြီးများအနေဖြင့် မြို့ပြင်ရှိစက်သုံးဆီဆိုင်များတွင်သာ QR Code စနစ်ဖြင့် ဖြည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။

စက်မှုလယ်ယာကဏ္ဍတွင် အသုံးပြုသည့် ထွန်စက်၊ လယ်ယာသုံးစက်ကိရိယာများ၊ အိမ်တွင်းစက်မှုလုပ်ငန်းများနှင့် မီးစက်များအတွက် စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့်ပုံစံတွင် ဖြည့်စွက်၍ နီးစပ်သောအရောင်းဆိုင်များတွင် မှတ်တမ်းထားရှိ၍ ရောင်းချပေးမည်ဖြစ်ပါသည်။

စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် Bar Code သို့မဟုတ် QR Code ဖတ်၍ ရောင်းချပေးထားမှုနှင့် ပုံစံတွင်ဖြည့်စွက်၍ ရောင်းချပေးထားသည့် စက်သုံးဆီပမာဏကိုသာ ပြန်လည်ဖြည့်တင်းခွင့်ရရှိမည် ဖြစ်ပါသည်။

ယာဉ်တစ်စီးချင်းအနေဖြင့် တစ်ပတ်စာဝယ်ယူခွင့်အကြိမ်ရေနှင့် ပမာဏကို ထုတ်ပြန်ပေးမည်ဖြစ်ပြီး သတ်မှတ်ချက်အတိုင်း ရောင်းချပေးသွားမည်ဖြစ်ပါသဖြင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ စက်သုံးဆီ ဝယ်ယူခွင့်ရရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးထုတ်ပြန် အပ်ပါသည်။

စွမ်းအင်ဝန်ကြီးဌာန


၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Posted on May 19, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Posted on May 17, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Posted on May 17, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Posted on May 16, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Posted on May 15, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Posted on May 14, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက်...

Posted on May 19, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား...

Posted on Feb 28, 2026

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း

Posted on May 18, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း